ဖားကန့်တွင် Mytel တာဝါတိုင် ဖောက်ခွဲခံရ

ဖားကန့်တွင် Mytel တာဝါတိုင် ဖောက်ခွဲခံရ

အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်ဘက်ရွာတွင် အောက်တိုဘာ ၁၀ ရက်နေ့ ည ၉ နာရီ ဝန်းကျင်က Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ည ၉ နာရီလောက်က ဖောက်ခွဲခံရတာ။ အသံအကျယ်ကြီးပဲ။ အောက်ကစက်ပစ္စည်းတွေ အကုန်လောင်သွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းခဲ့သည့်ရက်မှ အောက်တိုဘာ ၁၀ ရက် အထိ ဖားကန့်မြို့နယ်က Mytel တာဝါတိုင် လေးခု ဖောက်ခွဲဖျက်ဆီးခံရပြီးဖြစ်သည်။

ဖားကန့်ဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က ဩဂုတ်လ ၂၀ ရက် ည ၈ နာရီကစပြီး မိုဘိုင်းအင်တာနက် ဖြတ်တောက်ခဲ့ရာ ယနေ့အထိဆိုပါက နှစ်လနီးပါး ရှိလာပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly