စစ်ကိုင်းတွင် PDF က နေရာ ၉ ခုတွင် ဖောက်ခွဲမှုများလုပ်ပြီး အသင်္ခရာ စစ်ဆင်ရေး စတင်

By ဂန္ဒမာ
10 October 2021
စစ်ကိုင်းတွင် PDF က နေရာ ၉ ခုတွင် ဖောက်ခွဲမှုများလုပ်ပြီး အသင်္ခရာ စစ်ဆင်ရေး စတင်

အောက်တိုဘာ ၁၀

စစ်ကိုင်းမြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုပေါင်း ကိုးခုကို လုပ်ဆောင်ခဲ့ ကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့ကပြောဆိုလိုက်ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မဇ္ဈိမက ကောက်ယူထားတဲ့စာရင်းအရ မနက် ၄ နာရီ ၃၅ မိနစ်မှာ ရဲတပ်ရင်း အမှတ်(၁၆)တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ညပိုင်း ၇ နာရီမှ ၇ နာရီ ၁၅ မိနစ် အတွင်းမှာတော့ မြို့နယ်စည်ပင်ရုံး၊ မြို့နယ်တရားရုံး၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်၊ Non-CDMများ၏ အိုးအိမ်တိုက်တန်း၊ မြို့မရဲစခန်း အမှတ်(၂)၊ ပဒူတိုက်နယ်ရဲကင်းစခန်း၊ မင်းကွန်းတိုက်နယ်ရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် ဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့သည်။

ယခုပေါက်ကွဲတိုက်ခိုက်မှုများကို စစ်ကိုင်းမြို့နယ် အတွင်းရှိ PDF တပ်ရင်းများ၊ LPDF အစုအဖွဲ့များ၏ ထုတ်နုတ်အင်အားနှင့် အသင်္ခရာ စစ်ဆင်ရေးအဖြစ် သတိပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့(PDF)အထူးပြောက်ကျား အဖွဲ့က ပြောသည်။

ကောင်းမှုတော်ဘုရား မြောက်ဘက်အနီး၊ ပဒူကျေးရွာရှိ ရဲစခန်းနှင့် ဘူတာ အနီး ပေါက်ကွဲမှုတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံများကတဆင့် သိရသည်။

"လမ်းမှာကျွတ်ကျွတ်အိတ်အမဲတလုံးတွေ့လို့ လမ်းသွားတယောက်က စပ်စုပီး ဖွင့်ကြည့်တာပါ။ ဗုံးဆိုပြီး ဆိုင်ထဲပြေးဝင်လာပီး ဆိုင်ရှင်အန်တီရယ်၊ သေသွား တဲ့ အန်တီရယ်က ဆိုင်နားရပ်နေတာ၊ ဆိုင်ထဲရှိနေတဲ့လူနှစ်ယောက်ကို လာစင် တာပါ။ ဗုံးစကြောင့် တစ်ယောက်ကလည်ပင်းနားမှန်ပီးနေရာမှာတင် လဲပီး သေသွားတာ၊ ဆိုင်ရှင်အန်တီကတော့ နားထင် အထက်ခေါင်းထိသွားလို့ ညတွင်းချင်း မန္တလေးဆေးရုံကြီးမှာ တက်လိုက်ရပါတယ်၊ အခုတော့ ဆေးရုံက ပြန်ဆင်းလာပါပြီ" လို့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိသူတစ်ဦးက ပြော သည်။

နောက်ပိုင်းမှာတော့ သေဆုံးသွားသည့် အမျိုးသမီး၏ အလောင်းကို ရဲများက စစ်ကိုင်းကို သယ်ယူသွားခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်သော်လည်း စခန်းထဲကရဲတစ်ယောက်မှမထွက်လာဘဲ အပေါ်စီးက နေရာယူပြီး ပစ်ခတ်ခဲ့ခြင်းမျိုးသားပြုလုပ်ခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက်ပိုင်းတွင် စက်မှုဇုံ၊ ရွှေမင်းဝံရပ်ကွက် ဘက်မှာ အဖမ်းအဆီးများရှိခဲ့သည်ဟု PDF ပြောသည်။

ယခုထက် ပိုမို ပြင်း ထန်သည့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူအများဂရုစိုက်သွားလာနေထိုင်ကြရန်လည်း PDF က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required