စစ်ကောင်စီတပ်ကို တိုက်ရန် မိုင်းအလုံး ၅၀၀ စီမံကိန်းလုပ်ဆောင်ဟု PRA တပ်မတော်ပြော

စစ်ကောင်စီတပ်ကို တိုက်ရန် မိုင်းအလုံး ၅၀၀ စီမံကိန်းလုပ်ဆောင်ဟု PRA တပ်မတော်ပြော

အောက်တိုဘာ ၁၀

စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ရန် မိုင်းအလုံးရေ ၅၀၀ စီမံကိန်းလုပ်ဆောင်သည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ယနေ့ ကြေညာလိုက်သည်။

" ကျွန်တော်တို့ကတော့ မိုင်း ကိုပိုပြီးအားကိုးရပါတယ်။ထိုကြောင့် ဒီစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ် ။ မိုင်း တွေကိုတော့ ဆွဲမိုင်း/တိုက်မိုင်း/နင်းမိုင်း နှင့် remote (အဝေးထိန်း) မိုင်း တွေဆိုပြီးလုပ်ထားကြတာပါ။" ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

PRA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ မုံရွာ ၊ ပုလဲ ၊ ဂန့်ဂေါ ကားလမ်းမကြီးတွေကို အဓိထားပါတယ်။ မိုင်း ၅၀၀ စီမံကိန်းက ဆွဲထားတာကြာပါပြီ။ ဒီနေ့မှာ အကောင်ထည်ဖော်နိုင်ခဲ့တာပါ " ဟု ပြောသည်။

“ စစ်ခွေးတွေ လာနိုင်မယ့်လမ်းတွေ ၊ ကျေးရွာ ချိတ်ဆက်လမ်းတွေမှာ အများအပြား မိုင်းတွေ ပြင်ဆင်ထားပါတယ်။ ပြည်သူတွေထိခိုက်မှု မရှိအောင်ကိုလည်း သေချာပြင်ဆင်ထားပါတယ်” ဟု သူက ဆက်ပြောသည်။

မိုင်းများ ထောင်ထားမှုနှင့် ပတ်သက်ပြီး ဒေသခံများအနေဖြင့် ည ၈နာရီမှ မနက် ၅ နာရီအချိန်ထိ အပြင်ထွက် သွားလာခြင်းမျိုး လုံးဝ(လုံးဝ) မပြုလုပ်ရန်လည်း PRA က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly