အန္တာတိတ် လေထုအတွင်းသို့ ကာဗွန်ထုတ်လုပ်မှုကို ကန့်သတ်လျှော့ချသွားရန် အိန္ဒိယဆုံးဖြတ်

By International Asian Lite
10 October 2021
အန္တာတိတ် လေထုအတွင်းသို့ ကာဗွန်ထုတ်လုပ်မှုကို ကန့်သတ်လျှော့ချသွားရန် အိန္ဒိယဆုံးဖြတ်

အန္တာတိတ်ဒေသ၏ လေထုအတွင်သို့ ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ်ကန့်သတ်သွားရန် ဆုံးဖြတ်ထားကြောင်း အိန္ဒိယ၏ ကမ္ဘာမြေသိပ္ပံပညာရပ်ဆိုင်ရာ ဝန်ကြီး ဂျီတန်ဒရာဆင်းက အောက်တိုဘာ ၄ ရက်တွင် ပြောကြားလိုက်သည်။

“လေစွမ်းအင် ထုတ်လုပ်မှု ဖြစ်နို်ငခြေကို စမ်းသပ်ပြီး အစိမ်းရောင်စွမ်းအင်အစီအစဉ်သစ်ကို ချမှတ်ပြီးဖြစ်သလို အင်အားအသင့်အတင့်ရှိတဲ့ လေစွမ်းအင်ဓာတ်အားထုတ်စက် (WEG) များကို စမ်းသပ် တပ်ဆင်ထားပါတယ်။ အန္တာတိတဒေသရဲ့ လေထုတ်ထဲကို ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ ဘာရတီဓာတ်အားပေးစက်ရုံမှာ အပူနှင့် စွမ်းအင် ပေါင်းစပ်မှုနည်းပညာ(CHP) ကို အသုံးပြုခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အိန္ဒိယရဲ့ ကတိကို မြှင့်တင် အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အန္တာတိတ်သဘောတူစာချုပ်၏ မက်ဒရစ် မှတ်တမ်းလက်မှတ်ထိုးခြင်း အထိမ်းအမှတ် နို်ငငံတကာ ညီလာခံတစ်ခုတွင် ဆင်းက ပြောကြားသည်။

အဆိုပါညီလာခံသို့ အိမ်ရှင်စပိန်နို်ငငံမှ ဝန်ကြီးချုပ်ပက်ထဒရိုဆန်းချက်၊ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်၊ ဩစတြေးလျဝန်ကြီးချုပ် စကော့မာရှယ်နှင့် မှတ်တမ်းလက်မှတ်ရေးထိုးထားသည့် နိုင်ငံမှားမှ ဝန်ကြီးများနှင့ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အန္တာတိတ်သဘောတူစာချုပ်၏ မက်ဒရစ် မှတ်တမ်းကို ၁၉၉၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က မက်ဒရစ် မြိုတွင် လက်မှတ်ရေးထိုခဲ့ကာ ၁၉၉၈ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ ယင်းမှတ်တမ်းအရ အန္တာတိတ်ဒေသသို့ သဘာဝဘးမဲ့ဒေသအဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးနှင့် သိပ္ပံပညာအတွက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားသည်။

ဝင်ရိုးစွန်းသမုဒ္ဒရာများအတွင်းသို့ ရောက်ရှိလာသည့် ရာသီဥတုကို ထိခိုက်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ဖျက်ဆီးသော အက်ဆစ်ဓာတ်ကို ဖြစ်စေသည်။

“ဒီလိုပျက်စီးမှုတွေက ငါးဖမ်းလုပ်ငန်းနဲ့ အပင်နဲ့သတ္တဝါတွေအပေါ် ထိခိုက် မျိုးသုဉ်းစေပါတယ်။ နောက်နှစ် ၃၀ အတွက် စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးဆင်းက ပြောကြားကာ ခရီးသွားလုပ်ငန်းတိုးတက်ရေးနှင့် တရားမဝင်ခိုးယူစည်းကမ်းချိုးဖောက် ငါးဖမ်းခြင်းများကို ဆောင်ရွက်သွားမည်ဟု ထပ်လောင်းပြောကြားသည်။

အိန္ဒိယသည် အန္တာတိတ်သဘောတူစာချုပ်တွင် ၁၉၈၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်က ပါဝင်လက်မှတ်ရေးထိုးခဲ့ကာ ၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် အကြံပေးအဖွဲ့ဝင်နိုင်ငံအဆင့်ကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly