မုံရွာတွင် စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားနှစ်ဦးဒဏ်ရာရ

မုံရွာတွင် စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားနှစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ လယ်ဇင်ကနေ အရှေ့စက်မှုဇုန်သွားတဲ့လမ်းမှာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက စစ်ကားလေးစီးယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်စီးမိုင်းထိကာ စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်မှာ ကျွန်တော်တို့နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Monywa Heroes Group, Monywa Nightkingတို့ ပူးပေါင်းပြီး မုံရွာ လယ်ဇင် ကနေ အရှေ့ စက်မှုဇုံ လမ်း အဲ့ဒီ့ကနေ စက်မှုဇုန်ကိုသွားတဲ့ ပွိုင့်ကားတစ်စီးနဲ့ စစ်ကားသုံးစီးပါတဲ့ ယာဉ်တန်းကို မိုင်းလေးလုံးခွဲပြီး တိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးကကား နှစ်စီး မိုင်းထိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရတယ် ” လို့ People’s Defence Force South Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းလေးလုံးခွဲပြီး တိုက်ခိုက်မှုကြောင့် စစ်ကားတွေရဲ့ အောက်ပိုင်း မီးလောင်ပျက်စီးမှှုတွေ ရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိမ်စီးကားတစ်စီးက လာရောက်သယ်ဆောင်သွားတယ်လို့ သိရသည်။

ယနေ့ အောက်တိုဘာလ ၉ ရက် နေ့လယ်ပိုင်းကလည်း မုံရွာစက်မှှုဇုံအဝိုင်းပတ်မှာ PDF - South Monywa နှင့် Monywa Nightking တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ 4W ကားတစ်စီး ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly