စီးပွားရေး လုပ်ဆောင်မှုအတွက် လိုက်နာရန် စည်းကမ်းများကို အိန္ဒိယအစိုးရက ဖြေလျော့ပေး

စီးပွားရေး လုပ်ဆောင်မှုအတွက် လိုက်နာရန် စည်းကမ်းများကို အိန္ဒိယအစိုးရက ဖြေလျော့ပေး

စီမံအုပ်ချုပ်မှုအားကောင်သော စီးပွားရေး လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ပြီး လုပ်ငန်းများအနေဖြင့် စည်းမျဉ်းများကို လွယ်ကူစွာ လိုက်နာနိုင်စေရန် ကုမ္ပဏီအတွင်းရေးမှူးများက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး နာမလာဆီသာရာမန်က အောက်တိုဘာ ၄ ရက်က တွင် ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံ ကုမ္ပဏီအတွင်းရေးမှူးများတက္ကသိုလ် (ICSI) ၌ ပြောကြားသည့် မိန့်ခွန်းတွင် ဘဏ္ဍာရေးဝန်ကြီးက အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးနေသောကြောင့် လိုက်နာရန် လွယ်ကူစေပြီး ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှုကို စွဲဆောင်ရာတွင် အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားသည်။

ကောင်းမွန်သော အုပ်ချုပ်ခြင်းသည် ကုမ္ပဏီအတွင်းရေးမှူး (CS) တစ်ဦး၏ တာဝန်ဖြစ်ကာ ဥပဒေများကို လွယ်ကူစွာ လိုက်နာနိုင်စေရန် လုပ်ဆောင်ပေးရမည်ဟုလည်း သူမက ပြောကြားသည်။

အချိန်ကာလ အကန့်အသတ်မဲ့သည့် ဂန္ထဝင်လက်ရာများအား ဥပမာပေးကာ အဆိုပါ စာအုပ်များသည် ရှင်းလင်းခြင်း၊ နားလည်ရန် လွယ်ကူခြင်းတို့ကြောင့် လူတို့၏ စိတ်ကူးအတွေးကို ယနေ့တိုင် ဖမ်းစားနိုင်ခြင်း ဖြစ်သောကြောင့် လူသိများဖြစ်ကြောင်း သူမက ပြောကြားသည်။

“ရိုးရှင်းတယ်။ နားလည်ရလွယ်ကူတယ်။ အဓိပ္ပါယ်အမျိုးမျိုး ဘာသာပြန်စရာမလိုဘူး” ဟုလည်း သူမက ပြောသည်။ ကုမ္ပဏီ အတွင်းရေးမှူးတစ်ဦးသည် ကုမ္ပဏီအတွက် ရှင်းလင်းလွယ်ကူအောင် လုပ်ဆောင်သင့်သလို လိုက်နာနိုင်ရန်လည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း သူမက ထည့်သွင်းပြောကြားသည်။

ဝန်ကြီးချုပ် မိုဒီသည် စီးပွားရေးလုပ်ဆောင်မှု လွယ်ကူစေခြင်းအတွက် ဂူဂျာရတ်တွင် ၎င်းရှိနေစဉ် ၂၀၁၄ ခုနှစ်မှစ၍ ရှင်းလင်းပြတ်သားအောင် လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ဆီသာရာမန်က ပြောကြားသည်။

“လွယ်ကူအောင် ပြုလုပ်ထားပါတယ်။ ဥပဒေလိုက်နာတဲ့ တိုးတက်ကြီးပွားသူတွေအနေနဲ့ သူတို့ စီးပွားရေးကို လုပ်နိုင်ဖို့နဲ့ ကြွယ်ဝဖို့အတွက် ရိုးရှင်းအောင် လုပ်ထားပါတယ်” ဟု သူမက ပြောကြားသည်။

လုပ်ငန်းတွင် ပိုမိုပွင့်လင်းသော၊ စီမံအုပ်ချုပ်မှုကောင်းမွန်သည့် စည်းမျဉ်းများရှိသော ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်နိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly