တရုတ်လက်အောက်တွင် ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကို ထိုင်ဝမ်သမ္မတ သတိပေး

တရုတ်လက်အောက်တွင် ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကို ထိုင်ဝမ်သမ္မတ သတိပေး

တရုတ်လက်သို့ ကျရောက်သွားပါက အာရှဒေသတွင် ငြိမ်းချမ်းရေးအတွက် ဆိုးရွားသော အကျိုးဆက် များကိုဖြစ်ပေါ်စေလိမ့်မည်ဟု ထိုင်ဝမ် သမ္မတ စိုင်အန်းဝမ်က အောက်တိုဘာ ၆ရက်တွင် ထုတ်ဝေခဲ့သော Foreign Affairs စာစောင်တွင် ရေးသားထားပြီး ထိုင်ဝမ်ကို ခြိမ်းခြောက်လာပါက ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်သွားမည်ဟု ဆိုသည်။

တင်းမာမှုများ မြင့်တက်လာသည့်အတွက် နိုင်ငံတကာတွင် ထိုင်ဝမ်အတွက် အရေးအပါဆုံးဖြစ်သလို ထောက်ခံ ပေးပြီး လက်နက်ပံ့ပိုးနေသည့် အမေရိကန်ကို တရုတ်က ပြစ်တင်ရှုတ်ချထားသလို ထိုင်ဝမ်ကလည်း တရုတ်သည် လက်ရှိအခြေအနေ၌ ပြဿနာဖြစ်စေသည့် နိုင်ငံဟု ခေါ်ဆိုခဲ့သည်။

Foreign Affairs ၌ ရေးသားရာတွင် စိုင်က တရုတ်ကွန်မြူနစ်ပါတီက ပိုမိုခြိမ်းခြောက်လာခြင်းကို ကမ္ဘာ့ နိုင်ငံများက ပိုမိုနားလည်လာကြပြီး ထိုင်ဝမ်နှင့် အလုပ်လုပ်ခြင်း၏ တန်ဖိုးကို နားလည်လာနေကြောင်း ဆိုသည်။

“ထိုင်ဝမ်သာကျဆုံးသွားပါက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်မဟာမိတ်စနစ်အတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ဆိုးရွားလိမ့်မည်ကို သတိပြုသင့်ကြောင်း၊ ယနေ့ကမ္ဘာလုံးဆိုင်ရာ

တန်ဖိုးများပြိုင်ဆိုင်မှုတွင် အာဏာရှင်စနစ်သည် ဒီမိုကရေစီကို အသာစီးရသွားပြီဖြစ်ကြောင်းကို အချက်ပြလိုက်သလိုဖြစ်လိမ့်မည်” ဟု စိုင်က ရေးသားခဲ့သည်။

ထိုင်ဝမ်သည်“ တရုတ်ပြည်” ၏ အစိတ်အပိုင်းဖြစ်သည်ကို ငြင်းဆန်ထားသည့် စိုင်သည် ခွဲထွက်ရေးသမားတစ်ဦး ဖြစ်သည်ဟု တရုတ်က ယုံကြည်ထားပြီး တွေ့ဆုံဆွေးနွေးမှုကို ဖြတ်တောက်ခဲ့သည်။

ထိုင်ဝမ်၏ တရားဝင်အမည် တရုတ်သမ္မတနိုင်ငံဟုခေါ်သည့် လွတ်လပ်သောနိုင်ငံဖြစ်ကြောင်း စိုင်က ဆိုသည်။

ထိုင်ဝမ်က စစ်ရေးအရထိပ်တိုက်ရင်ဆိုင်မှုကို မလိုလားဘဲ၊ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းတည်ငြိမ်သော၊ ကြိုတင်မှန်းဆနိုင်သော၊ နှစ်ဖက်အကျိုးရှိသည့် ယှဉ်တွဲနေထိုင်ရေးကို လိုလားကြောင်း သူမက ရေးသား ခဲ့သည်။

တရုတ်က ထပ်တလဲလဲ ပယ်ချခဲ့သည့် အခြေအနေများဖြစ်သည့် တန်းတူရေးစိတ်ဓာတ်နှင့် နိုင်ငံရေးအရ ကြိုတင်သတ်မှတ်ချက် မရှိမှသာလျှင် တရုတ်နှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ကြောင်း သူမက ထပ်လောင်း တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly