မန်ယူနည်းပြရာထူးအတွက် မော်ရင်ဟိုအဆင်သင့်ဖြစ်နေဟု သတင်းများထွက်ပေါ်

မန်ယူနည်းပြရာထူးအတွက် မော်ရင်ဟိုအဆင်သင့်ဖြစ်နေဟု သတင်းများထွက်ပေါ်

ဒီဇင်ဘာ ၂၁၊ မန်ချက်စတာ ။             ။ မော်ရင်ဟိုသည် ဗန်ဟားလ်၏နေရာတွင် အစားဝင်ပြီး မန်ယူနည်းပြဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဟု အင်္ဂလန်တွင် သတင်းများထွက်ပေါ် နေသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် နော့ဝှစ်ချ်ကို အိမ်ကွင်း၌ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးကစားသည့်ပြိုင်ပွဲစုံ ၁၃ ပွဲ၌ သုံးပွဲသာ အနိုင်ရသဖြင့် နည်းပြဗန်ဟားလ်မှာ ဖိအားများပိုမို တိုးပွားလာ ခဲ့သည်။

လွန်ခဲ့သည့်နှစ်ပတ်က မန်ယူထိပ်တန်းတာဝန်ရှိသူများသည် ဗန်ဟားလ်ကိုထောက်ခံပေးထားကြသော်လည်း နော့ဝှစ်ချ်ကို ရှုံးပြီးနောက် အမြင်များ ပြောင်းလဲလာကြဖွယ်ရှိနေသည်။
ဘောက်ဆင်ဒေးနေ့တွင် ကစားနည့် စတုခ်စီးတီးနှင့်ပွဲတွင် ရလဒ်မကောင်းခဲ့ပါက ဗန်ဟားလ်သည် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည်။

စတုခ်စီးတီးနှင့်ပွဲသည် အိမ်ကွင်းတွင် ချယ်လ်ဆီးကိုလက်ခံကစားသည့်ပွဲအပြီးနှစ်ရက်အကြာတွင် ကစားရမည်ဖြစ်ပြီး ယင်းပွဲနှစ်ပွဲလုံးကို ရှုံးနိမ့်မည်ဆိုပါက မန်ယူအသင်းသည် ထိပ်သီးလေးသင်းနေရာနှင့် အမှတ်ပြတ်ဝေးကွာသွားမည်ဖြစ်သည်။

ချယ်လ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခံထားရသော မော်ရင်ဟိုသည် မန်ယူအသင်းရှာဖွေမည့် နည်းပြသစ်စာရင်းတွင် လက်ရှိမန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်နှင့်အတူ ပါဝင်လာဖွယ်ရှိသည်။
ကမ်းလှမ်းထားသည့်အချို့အလုပ်များမှာ ငြင်းဆန်ရန်မဖြစ်နိုင်ဟု သူငယ်ချင်းများကိုပြောထားသည့် မော်ရင်ဟိုမှာ မန်ယူကိုနည်းပြအဖြစ် ကိုင်တွယ်ရမည့်အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly