အာဖဂန်တွင် အားလုံးပါဝင်သည့် အစိုးရဖြစ်လာရန် မသေချာသေးဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

By Hindustan Times[
06 October 2021
အာဖဂန်တွင် အားလုံးပါဝင်သည့် အစိုးရဖြစ်လာရန် မသေချာသေးဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အမေရိကန်နှင့် တာလီဘန်တို့အကြား ယမန်နှစ်က ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဆိုင်ရာ အချက်အားလုံးအပေါ် အိန္ဒိယက ယုံကြည်မှုမရှိသေးဘဲ အာဖဂန်နစ္စတန်တွင် အားလုံးပါဝင်သည့် အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးနှင့် နိုင်ငံအား အကြမ်းဖက်လုပ်ငန်းအတွက် အသုံးမပြုဟု သေချာပေါက် မပြောနိုင်သေးကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက စက်တင်ဘာ ၃၀ တွင် ပြောကြားခဲ့သည်။

ယင်းပြဿနာများသည် အာဂန်နစ္စန်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ အိန္ဒိယနှင့် အခြားနိုင်ငံများ၏ ဖြစ်သင့်သည့် စိုးရိမ်မှုများဖြစ်ကြောင်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် အမေရိကန်-အိန္ဒိယ မဟာဗျူဟာ မိတ်ဖက်ဖိုရမ် (USISPF) ၏ နှစ်နိုင်ငံခေါင်းဆောင်များ နှစ်စဉ်ဆွေးနွေးပွဲတွင် ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

အမေရိကန်သံအမတ်ကြီး ဖရန့်ဝစ်ဆနာ ပါဝင်ဆွေးနွေးခဲ့သည့် ယင်းအစည်းအဝေးတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများအပေါ် မေးမြန်းရာတွင် ဂျိုင်ရှန်ကာက “ကျွန်တော်တို့အားလုံးရဲ့ စိုးရိမ်မှုဟာ ဖြစ်သင့်တယ်လို့ အတို်ငးအတာတစ်ခုအထိ ထင်ပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော့်ရဲ့ စိုးရိမ်မှု အခြေအနေကို ပြောတဲ့အခါ တာလီဘန်တို့က ဒိုဟာမြို့ တွေ့ဆုံမှာ ပြုခဲ့တဲ့ ကတိကဝတ်တွေကို စဉ်းစားရပါတယ်။ အမေရိကန်က အသိဆုံးပါ။ ဒီကတိကဝတ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ယုံကြည်မှု မရှိသေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

“ဒါ့ကြောင့် ဒိုဟာမြို့ ဆွေးနွေးပွဲမှာ ဘယ်လို သဘောတူညီချက်တွေ ရရှိခဲ့ပါစေ အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ်ကို မြင်တွေ့ရဖို့နဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လူနည်းစုတွေ အခွင့်အရေးကို လေးစားတာကို မြင်တွေ့ဖို့ လိုပါတယ်။ အရေးကြီးဆုံးကတော့ အခြားနိုင်ငံတွေနဲ့ ကမ္ဘာကို တိုက်ခိုက်မယ့် အကြမ်းဖက်ဝါဒအတွက် အာဖဂန်နစ္စတန်ကို အသုံးမပြုဖို့ မျှော်လင့်ပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly