စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် အရေးယူရန် ကုလညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြား

စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် အရေးယူရန် ကုလညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြား

အောက်တိုဘာ ၆

အကြမ်းဖက် မြန်မာစစ်တပ်မှ မြန်မာအမျိုးသမီးများအပေါ် ကျူးလွန်လျက်ရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် ပြစ်မှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထိရောက်စွာ အရေးယူရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားသည်။

မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၅ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ရုံးခန်းမှ တစ်ဆင့်တက်ရောက်သည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အမျိုးသမီးများအခွင့်အရေး မြှင့်တင်ရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ မှတ်တမ်းများအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ စစ်တပ်ရဲ့ ဝိသေသလက္ခဏာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးများဟာစစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ဆိုးဝါးတဲ့ ပြစ်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်”ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required