တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၇၂ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် လန်ဒန်မြို့လယ်၌ တိဘက်များ ဆန္ဒပြ

By Just Earth News
05 October 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၇၂ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် လန်ဒန်မြို့လယ်၌ တိဘက်များ ဆန္ဒပြ

ဟောင်ကောင်သားများ၊ ဝီဂါများနှင့်အတူ တိဘက်အသိုင်းအဝိုင်းသည် အောက်တိုဘာ ၁ရက်က တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၇၂ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် လန်ဒန်မြို့လယ်၌ တရုတ် ကွန်မြူနစ်ပါတီအား ဆန့်ကျင်သည့် ကြီးမားသော ဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည်။

ဗြိတိန်ရှိ တိဘက်အသိုင်းအဝိုင်းမှ အဖွဲ့ဝင် ဆာရင်း ပက်စ်ဆန်က ယင်းလူထုစုဝေးပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ၇၂ နှစ်တိတိက မော်စီတုံး၏ အာဏာရှင်လက်အောက်၌ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရတို့သည် တိဘက်နှင့် အရှေ့တာကစ္စတန်သမ္မတနိုင်ငံကို ကျူးကျော် သိမ်းပိုက်ကြောင်း ကြေညာခဲ့သည်။

“ သာမန်ပြည်သူတွေကို မမျှော်မှန်းနိုင်တဲ့ ဆင်းရဲဒုက္ခတွေဖြစ်ပေါ်စေခဲ့တဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက တိဘက်ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အဖိနှိပ်ခံလူမျိုးတွေရဲ့ ဝိသေသလက္ခဏာတွေကို တမင်တကာ ဖျက်ဆီးခဲ့ပါတယ်” ဟု ပက်စ်ဆန်က ကွန်မြူနစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ဖွံ့ဖြိုးတိုးတက်မှုလို့ခေါ်တဲ့ ခေါင်းစဉ်အောက်မှာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေရဲ့ ဂေဟစနစ်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့ပြီး ပြန်ပြင်လို့ မရအောင် ဆိုးဆိုးရွားရွားပျက်စီးစေခဲ့ပါတယ်”

“ တရုတ်က အထိမ်းအမှတ်ပွဲတော်ကို ရက်သတ္တပတ် ကျင်းပနေတယ်လို့ ကျွန်တော်တို့ ကြားပါတယ်၊ အဲဒါကို သူတို့က ‘ ရွှေသီတင်းပတ်’ လို့ ခေါ်ပါတယ်” ဟု သူက ဆိုသည်။

၂၀၁၅ ခုနှစ်က သမ္မတရှီကျင့်ဖျင်၏ ဗြိတိန်ခရီးစဉ်အတွင်း ဗြိတိန် - တရုတ်ဆက်ဆံရေးအကြောင်းပြောဆိုရာမှ ကျော်ကြားလာခဲ့သည့် အသုံးအနှုန်းဖြစ်သော အမှန်တကယ် ရွှေခေတ် မဟုတ်ပေ။

တိဘက်နှင့် ညှဉ်းပန်းနှိပ်စက်ခံလူနည်းစုများအတွက် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ တည်ထောင်သူနှင့် စည်းရုံးရေးမှူး ဆာရင်းက“ ထိုင်ဝမ်ပြည်သူတွေက တရုတ်ရဲ့ စစ်ရေးကျူးကျော်မှုနဲ့ ခြိမ်းခြောက်ခံရချိန်မှာ ဒီအခမ်းအနားကျင်းပနေဖို့ အကြောင်းမရှိပါဘူး” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly