ပုသိမ်ကြီးမြို့နယ်တွင်းက Mytel တာဝါတိုင် ဖောက်ခွဲခံရ

ပုသိမ်ကြီးမြို့နယ်တွင်းက Mytel တာဝါတိုင် ဖောက်ခွဲခံရ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာက မိုင်တဲ တာဝါတိုင်ကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့ကာကွယ်ရေးတပ်(PAFD)မှ အောက်တိုဘာ ၄ရက်၊ ညနေ ၄နာရီတွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်။

PAFD အနေဖြင့် မိုင်တဲ တာဝါတိုင်များ အပါအဝင် စစ်ဒေါက်တိုင်များကို ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးသွားမည်ဟု အဖွဲ့ဝင်တစ်ဦးကဆိုသည်။

အောက်တိုဘာ ၃ရက်နေ့ နေ့လည်ကလည်း မန္တလေး အမရပူရမြို့နယ် သဇင်အေးရပ်ကွက် မဂ်လာမှန်ကန်းကျောင်းမြောက်ဘက်က Mytel တာဝါတိုင်ကို အမည်မသိအဖွဲ့က ဖောက်ခွဲ ဖျက်ဆီးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly