ဆောင်းရာသီအတွက် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူထားရန် တရုတ် အစိုးရ အမိန့်ထုတ်ပြန်

ဆောင်းရာသီအတွက် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူထားရန် တရုတ် အစိုးရ အမိန့်ထုတ်ပြန်

ကျောက်မီးသွေးမှသည် လျှပ်စစ်နှင့် ရေနံအထိလုပ်ကိုင်သည့် ထိပ်တန်းနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီများအနေဖြင့် ယခုဆောင်းရာသီအတွက်ထောက်ပံ့ရေးပစ္စည်းများအားလုံးကို မည်သည့်နည်းနှင့် မဆို ဝယ်ယူထားရန် တရုတ်ဗဟိုအစိုးရအရာရှိများက အမိန့်ပေးခဲ့သည်ဟု ယင်းကိစ္စနှင့် နီးစပ်သူများက ဆိုသည်။

ယင်းအမိန့်သည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍနှင့် စက်မှုထုတ်လုပ်မှုကို ကြီးကြပ်သော ဒုဝန်ကြီးချုပ်ဟန်ကျန်းထံမှ တိုက်ရိုက်လာခြင်းဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းက ပေကျင်းမြို့ရှိ နိုင်ငံပိုင်ကုမ္ပဏီများ၏ စည်းကမ်းထိန်း သိမ်းရေး အာဏာပိုင်နှင့် စီးပွားရေးစီမံမှုအဖွဲ့များမှ အရာရှိများအား အရေးပေါ်အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သီးသန့်အစည်းဝေးဖြစ်သဖြင့် နာမည်မဖော်ပြရန် သတင်းရင်းမြစ်များက ဆိုခဲ့သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကို သည်းခံမှာမဟုတ်ကြောင်း ၎င်းတို့က ပြောကြားသည်။

စက်တင်ဘာ ၃၀ရက်က အနောက်တက္ကဆက်ရေနံကုန်စည်ဒိုင်ဈေးကွက်တွင် ရေနံစိမ်းဈေးကျ သွားခဲ့သော် လည်း အောက်တိုဘာ ၁ရက်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။

New York ရှိသဘာဝဓာတ်ငွေ့ ဈေးနှုန်းသည် ခုန်တက်သွားပြီး အမေရိကန်ဓာတ်ငွေ့တင်ပို့သည့် Cheniere Energy Inc. ကုမ္ပဏီ ၏ ရှယ်ယာများမြင့်တက်ခဲ့သည်။

အားလပ်ရက်မတိုင်မီ တရုတ်ပြည်တွင် လောင်စာဆီရှားပါးမှုနှင့်ရင်ဆိုင်နေရသောကြောင့် စက်တင်ဘာ ၃၀ရက်က တရုတ်ကျောက်မီးသွေးအနာဂတ်ဈေးနှုန်းသည်စံချိန်တင်မြင့်တက်ခဲ့သည်။

စက်ရုံများမှ လျှပ်စစ်ဝယ်လိုအားမြင့်တက်လာခြင်းနှင့် သတ္တုတွင်းများမှ ထုတ်လုပ်မှုနှေးကွေးခြင်းတို့ကြောင့် ယခုနှစ်တွင် ဈေးနှုန်းများ နှစ်ဆကျော်မြင့်တက်ခဲ့သည်။

အရေးပေါ်အစည်းအဝေးသည် တရုတ်၏ စိုးရိမ်ရသောအခြေအနေကို ဖော်ပြနေသည်။

ဆိုးရွားသောစွမ်းအင်အကျပ်အတည်းသည်တရုတ်ပြည်ကိုထိခိုက်စေခဲ့ပြီး ဒေသအများအပြားသည့် စက်မှုကဏ္ဍတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ကန့်သတ်ခံခဲ့ရပြီး လူနေအိမ်များတွင်လည်း ရုတ်တရက် မီးပျက်မှုများဖြစ်ပေါ်ခဲ့သည်။

တရုတ်၏ဓာတ်အားပြတ်တောက်မှုသည် ဓာတ်မြေသြဇာမှ ဆီလီကွန်အထိ ကမ္ဘာကုန်စည်ဈေးကွက်များကို ကမောက်ကမဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly