တရုတ်က ထူးချွန် ကျောင်းသားများ၏အခွင့်ထူးများကို ရုပ်သိမ်းရန် စီစဉ်

တရုတ်က ထူးချွန် ကျောင်းသားများ၏အခွင့်ထူးများကို ရုပ်သိမ်းရန် စီစဉ်

အားကစားနှင့် အနုပညာနယ်ပယ်များ၌ ထူးချွန်သော အထက်တန်းကျောင်းသားများအတွက် အဆင့်မြင့် ပညာရေး သင်ကြားခွင့်ဆိုင်ရာ စံနှုန်းတစ်ရပ်ကို တရုတ်ထိပ်တန်းပညာရေးအဖွဲ့အစည်းက အဆိုပြုထားပြီး ၎င်းတို့အနေဖြင့် ပညာရေးအဆင့်နိမ့်စွာဖြင့် ကော်လိပ်များသို့ ဖြတ်လမ်းမှ တက်ရောက်နိုင်တော့မည် မဟုတ်ကြောင်း အသိပေး ပြောကြားထားသည်။

တရုတ်ပညာရေးဝန်ကြီးဌာနက ပြင်ဆင်မွမ်းမံထားသော စည်းမျဉ်းစည်းကမ်းများကို ကြေညာကာ အောက်တိုဘာ ၁ ရက်က စာတမ်းနှစ်စောင်ကို ထုတ်ပြန်ခဲ့ရာတွင် အားကစားပိုမိုထူးချွန်သော သို့မဟုတ် အနုပညာ ပင်ကိုအစွမ်းအစရှိသော ကျောင်းသားများသည် ၎င်းတို့သက်ဆိုင်ရာနယ်ပယ်အသီးသီးနှင့် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ (gaokao) တို့၌ ကျွမ်းကျင်မှုစာမေးပွဲနှစ်ခုစလုံး အောင်မြင်ရန် လိုအပ်ကြောင်း ရှန်ဟိုင်းအခြေစိုက် Sixth Tone မီဒီယာက ဖော်ပြထားသည်။

ယခင်က ထိုကျောင်းသားများသည် အတန်းဖော်များနှင့်နှိုင်းယှဉ်ပါက ပညာရေးလိုအပ်ချက် နိမ့်ကျသော်လည်း သတ်မှတ်ထားသော ဆုကြေးအမှတ်များ ခံစားပိုင်ခွင့်ရှိသည်။

ပညာရေးဝန်ကြီးဌာနက ကြီးမားသောအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် စည်းမျဉ်းအသစ်များကို သတ်မှတ်ခြင်းသည် တချို့သောကောလိပ်များနှင့် တက္ကသိုလ်များတွင် ကျွမ်းကျင်မှုကိုအသားပေးခြင်းနှင့် အနုပညာကျွမ်းကျင်မှုရွေးချယ်ရာ၌ ယဉ်ကျေးမှုကို လျစ်လျူရှုခြင်းတို့အား လက်ခံထားခြင်းကို တဖြည်းဖြည်း ပြောင်းလဲဆန့်ကျင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထူးချွန်သော အားကစားစွမ်းရည်အတွက် စည်းမျဉ်းအသစ်ကို၂၀၂၄ မှစတင်၍ အကောင်အထည် ဖော်မည်ဖြစ်သည်။ တက်ရောက်မည့်တက္ကသိုလ်ကသတ်မှတ်ထားသည့် လိုအပ်ချက် ၈၀ ရာခိုင်နှုန်းထက်မနည်းသော အမှတ်ရရှိရမည်ဟု Sixth Tone မီဒီယာ၌ ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါကျောင်းသားများအတွက် ဒုတိယအဆင့်ရှိတက္ကသိုလ်များသို့ သတ်မှတ်ထားသောလိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်းဖြင့် တက်ရောက်ခွင့်ပေးထားသည်။

ပညာရေးဝန်ကြီးဌာနက စည်းမျဉ်း ရုတ်တရက် ပြောင်းလဲခြင်းသည် အဆိုပါကျောင်းသားများအတွက် ပညာရေးရမှတ်စံသတ်မှတ်ချက်ကို တဖြည်းဖြည်း မြှင့်တင်သွားရန် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

ကျောင်းသားအချို့က စည်းမျဉ်းအသစ်များအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြကာ ၎င်းတို့ကြိုးစားအားထုတ်မှုကို တက္ကသိုလ်ဝင်ရောက်ရန် ဖြတ်လမ်းအဖြစ် ရှုမြင်ခြင်းအပေါ် မကျေနပ်ကြောင်း အွန်လိုင်း၌ ရေးသားပြောဆိုကြသည်။

အားကစားထူးချွန်သောကျောင်းသားများစွာက စည်းမျဉ်းသစ်များအပေါ် ကန့်ကွက်လျက် ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်မှုနှင့် ကျောင်းသင်ခန်းစာကို ဟန်ချက်ညီအောင်ပြုလုပ်ရခြင်းက ခက်ခဲသည်ဟုဆိုသည်။

Shanghai Normal University မှ ထိပ်တန်း ဘတ်စကက်ဘော အသင်းခေါင်းဆောင်ဟောင်း ဝမ်တီယန်က ပြုပြင်လိုက်သောမူဝါဒကို သဘောမတူကြောင်းပြောသည်။

“ထိပ်တန်းတက္ကသိုလ်က အကောင်းဆုံးအားကစားအသင်းတွေထဲကို ဝင်ရောက်နိုင်ဖို့ လေ့ကျင့်တဲ့အခါ အချိန်ကို အများဆုံးအသုံးချဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အားကစားသမားတွေက လေ့ကျင့်မှုရော ကျောင်းသင်ခန်းစာရော ပြီးမြောက်အောင်လုပ်ချင်တယ်ဆိုရင် ကျန်းမာရေးကောင်းအောင်ထိန်းသိမ်းဖို့ လုံလောက်တဲ့အနားယူမှု ရနိုင်မှာ မဟုတ်ပါဘူး” ဟု ဝမ်တီယန်က ဆိုသည်။

အခြားအရည်အချင်း ထူးချွန်ကျောင်းသား ၁ ဒသမ ၆ သန်းနီးပါးသည် လာမည့်နှစ် အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ဖွယ်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly