မော်ရင်ဟိုအား ရိုးမားအသင်းနှင့် မိုနာကိုအသင်းတို့ ခေါ်ယူလိုလျက်ရှိ

မော်ရင်ဟိုအား ရိုးမားအသင်းနှင့် မိုနာကိုအသင်းတို့ ခေါ်ယူလိုလျက်ရှိ

အင်္ဂလန်၊ ဒီဇင်ဘာ ၂၀ ။      ။ ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြမော်ရင်ဟိုကို စီးရီးအေကလပ် ရိုးမားအသင်းနှင့် ပြင်သစ်လိဂ်-၁ ကလပ် မိုနာကိုအသင်းတို့က   ခေါ်ယူလိုလျက်ရှိနေ ကြသည်ဟု အင်္ဂလန်တွင် သတင်းများထွက်ပေါ်နေသည်။

ရိုးမားအသင်းသည် နည်းပြ ဂါစီယာ၏လက်အောက်တွင် တိုးတက်မှုနှုန်း နှေးကွေးနေသည့်အတွက် မော်ရင်ဟိုကို ခေါ်ယူလိုလျက်ရှိသည်။ ရိုးမားအသင်းသည် စီးရီးအေပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၂၉ မှတ်ရရှိထားပြီး အမှတ်ပေးဇယား အဆင့်ငါးနေရာတွင်ရပ်တည်လျက်ရှိသည်။

မိုနာကိုအသင်းမှာလည်း ရိုးမားအသင်းနည်းတူ နည်းပြဂျာဒင်၏ စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်ခြင်းမရှိဘဲ မော်ရင်ဟိုနှင့် အစားထိုးလိုလျက်ရှိသည်။ မိုနာကိုအသင်းမှာ ယခုနှစ်ရာသီတွင် ပွဲစဉ် ၁၉ ပွဲကစားပြီးချိန်၌ ရမှတ် ၃၂ မှတ်ရထားသည်။ အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ရပ်တည်နေသော်လည်း ပထမနေရာမှာ ပီအက်စ်ဂျီနှင့် ၁၉ မှတ်အထိ ကွာဟလျက်ရှိသည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းတွင် နည်းပြခဲ့သည့် နှစ်ကြိမ်တွင် ဆုဖလားရှစ်လုံးအထိ ရယူပေးနိုင်ခဲ့သော်လည်း ရလဒ်များဆိုးရွားပြီး ကစားသမားများနှင့်၎င်း၏ ကြားတွင် ဆက်ဆံရေး အဆင်မပြေမှုများရှိခဲ့သည့်အတွက် နောက်ဆုံးရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

အသင်းပိုင်ရှိမိုဗစ်ချ်သည် မော်ရင်ဟိုကို ထုတ်ပယ်လိုခြင်းမရှိသော်လည်း အပြောင်းအလဲတစ်ခုပြုလုပ်ရန်လိုအပ်နေသည့်အတွက် ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။ ယခု မော်ရင်ဟို၏နေရာတွင် ဟော်လန်လူမျိုးနည်းပြ ဂုစ်ဟစ်ဒင့်က ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ယူမည်ဖြစ်သည်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly