ကိုဗော့သတ္တုတွင်းအငြင်းပွားမှု အဆုံးသတ်ရန် ကွန်ဂိုနှင့်တရုတ် Huayou ကုမ္ပဏီတို့ဆွေးနွေး

ကိုဗော့သတ္တုတွင်းအငြင်းပွားမှု အဆုံးသတ်ရန် ကွန်ဂိုနှင့်တရုတ် Huayou ကုမ္ပဏီတို့ဆွေးနွေး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကိုဗော့ဝယ်ယူသူနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ကိုဗော့သန့်စင်ကုမ္ပဏီတို့သည် သတ္တုပေးသွင်းခြင်းမှ အကျိုးအမြတ်များစွာရစေရေး ကွန်ဂို၏ ကြိုးပမ်းအားထုတ်မှုကို အလေးထားလျက် သတ္တုတွင်းဆိုင်ရာ အငြင်းပွားမှုကို အဆုံးသတ်ရန်နှင့် ၎င်းကို မှီခိုအားထားနေသော ကားနှင့်ဘက်ထရီထုတ်လုပ်သူများအား သံသယကင်းရှင်းစေရန် ဆွေးနွေးလျက်ရှိသည်။

တရုတ်အစိုးရကျောထောက်နောက်ခံပြု ကိုဗော့သတ္တုတွင်းကုမ္ပဏီ EntrepriseGenerale du Cobalt (EGC) သည် ယခုနှစ်အစောပိုင်းက ကလေးလုပ်သားနှင့် သေစေနိုင်သောမတော်တဆထိခိုက်မှုများ ဖြစ်ပွားလေ့ရှိသည့် တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းခွင်များရှိ အခြေအနေများကို ပြန်လည်ဆန်းစစ်ရန် လုပ်ဆောင်နေ ချိန်တွင် ကိုဗော့သတ္တုများ ပထမဆုံး ဝယ်ယူမှုအတွက် ကွန်ဂို၏ လောလာဘာပြည်နယ်ရှိ Kasuloသတ္တုတွင်းကို လျာထားခဲ့သည်။

သို့သော် ယခုလ၌ သတ္တုတွင်းမှ ကိုဗော့စတင်ဝယ်ယူရန် EGC ၏အစီအစဉ်များသည် တရုတ်သတ္တုတွင်းကုမ္ပဏီ Zhejiang Huayou Cobalt ကြောင့် အနှောင့်အယှက်ဖြစ်စေခဲ့သည်။

တရုတ်ကုမ္ပဏီလက်အောက်ခံဖြစ်သောသတ္တုသန့်စင်ကုမ္ပဏီ Congo Dongfang International Mining SARL (CDM) သည် Kasulo၌ အခြေစိုက်ပြီး ၎င်းအနေဖြင့် သတ္ထုသိုက် ကုန်ဆုံးသွားသည့်အထိ နေခွင့်ရှိသော စာချုပ်စာတမ်းရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောသည်။

“ဒီလုပ်ငန်းခွင်နေရာမှာ CDM ကုမ္ပဏီ ဆက်လက်တည်ရှိနေမှုကြောင့်ဖြစ်လာတဲ့ အခြေအနေကို ဖြေရှင်းဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ အဖြေတစ်ခုကို ရှာတွေ့ဖို့မျှော်လင့်ပါတယ်" ဟု EGC ညွှန်ကြားရေးမှူးချုပ် ယောန်ဒေါမနစ်က ရိုက်တာ၏မေးမြန်းမှုကို ရေးသားအကြောင်းပြန်ခဲ့သည်။

တရုတ် Zhejiang Huayou Cobalt သတ္တုတွင်းကုမ္ပဏီမှ ကော်ပိုရိတ်လူမှုရေးရာတာဝန်ခံအကြီးအကဲ ဘရိုက်စ်လီကလည်း Kasuloသတ္တုတွင်းကိစ္စနှင့်စပ်လျဉ်း၍ EGC နှင့် ဖော်ရွေသောဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ပြောသည်။

ဂျနီဗာအခြေစိုက် ကုန်သွယ်ရေးကုမ္ပဏီ Trafiguraသည် လက်ရှိဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့်တန်ကြေးရှိ လက်တူး ကိုဗော့သတ္တုတွင်းမှ တန်ချိန် ၄၅ ၀၀၀ ရရှိရန်အတွက် အပြန်အလှန်အားဖြင့် EGC ကုမ္ပဏီကို ငွေကြေးကူညီပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly