အခွန်ဦးစီးဌာနအနီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း FREE TIGER RANGER အဖွဲ့ ထုတ်ပြန်

By ဂန္ဒမာ
01 October 2021
အခွန်ဦးစီးဌာနအနီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း FREE TIGER RANGER အဖွဲ့ ထုတ်ပြန်

အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီး ဌာနအနီးတွင် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက FREE TIGER RANGER အဖွဲ့မှ လက်လုပ်မိုင်းဖြင့်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"အခွန်ဦးစီးဌာနမှ အခွန်ဝန်ထမ်းများက တရားမဝင် အာဏာသိမ်း အကြမ်း ဖက် စစ်ကောင်စီ၏ အလိုကျ လုပ်ငန်းရှင် ပြည်သူများအား အတင်းအကြပ် အခွန်ငွေများကို အဓမ္မ ကောက်ခံနေကြောင်းသိရှိရသဖြင့်"ဟု အဖွ့ဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး တရားမဝင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အခွန် ကောက်ခံမှုကို လုပ်ငန်းရှင်ပြည်သူများအနေနှင့် မလိုက်နာကြဖို့ကိုလည်း တိုက်တွန်းထားသည်။

ထပ်မံ၍ ယင်းအခွန်ရုံးတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ပြည်သူများထံမှ အတင်းအဓမ္မ အခွန်ကောက်ခံခြင်းပြုလုပ်နေမည်ဆိုပါက ၎င်းတို့၏ အသက်အန္တရာယ်နှင် မိသားစုလုံခြုံရေးအား တာဝန်ယူမည် မဟုတ် ကြောင်းလည်း ဖော်ပြထားသည်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်ရှိသော အခွန်ရုံးများကိုလည်း ဆက်လက် ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ ဗဟန်းမြို့နယ် အဖွဲ့ ခွဲ FREE TIGER RANGER အဖွဲ့မှ ထုတ်ပြန်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly