ဥရောပသမဂ္ဂ၏ Global Gateway စီမံကိန်းက တရုတ်အတွက် စိန်ခေါ်မှုဖြစ်နေ

By The times of Israel
01 October 2021
ဥရောပသမဂ္ဂ၏ Global Gateway စီမံကိန်းက တရုတ်အတွက် စိန်ခေါ်မှုဖြစ်နေ

ဥရောပသမဂ္ဂသည် တရုတ်၏ ခါးပတ်လမ်းမစီမံကိန်း(BRI) နှင့်ယှဉ်ပြိုင်ရန်အတွက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သစ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာမုခ်ဦးပေါက်အစီအစဉ်(Global Gateway)ကို မကြာသေးမီက စတင်လိုက်သည်။

ခါးပတ်လမ်းမစီမံကိန်းသည် ကြီးမားပြီး ပထဝီနိုင်ငံရေးအရ အရေးပါသော အခြေခံအဆောက်အအုံကွန်ရက်နှင့် ပို့ဆောင်ရေးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး တရုတ်၏ ပို့ကုန်တင်ပို့သူများအား အနောက်ဈေးကွက်များနှင့် ချိတ်ဆက်ရန် တရုတ်က အသုံးပြုခဲ့သည်။

တရုတ်အစိုးရက ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ယင်းစီမံကိန်းသည် နှစ်အနည်းငယ်အတွင်း လျင်မြန်စွာကြီးထွားလာခဲ့သည်။

ဥရောပသမဂ္ဂ၏ Global Gateway စီမံကိန်းသည် နိုင်ငံပေါင်း ၇၀ နီးပါးနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ထားသည့် BRI အတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာသည်။

အမေရိကန်အစိုးရသည်လည်း BRI ၏ ချဲ့ထွင်မှုကိုရပ်တန့်ရန် လွန်ခဲ့သောလအနည်းငယ်က B3W ဟု ခေါ်သည့် Build Back Better စီမံချက်ကို ကြေညာခဲ့သည်။

ယခုအခါ ဥရောပတိုက်၌ တရုတ်၏ ချဲ့ထွင်မှုသည် ပြင်းထန်စွာ ကန့်သတ်ခံရဖွယ်ရှိနေသလို BRI အောက်ရှိ လက်ရှိသဘောတူညီချက်များနှင့် နှစ်နိုင်ငံသဘောတူညီချက်များကို ထိန်းသိမ်းရာတွင် အခက်အခဲများကြုံတွေ့ရနိုင်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂဦးဆောင်သော အစီအစဉ်များသည် BRI ၏ လုပ်ငန်းဆိုင်ရာ သဘောတူညီချက်တွင် ထင်ထင်ရှားရှား မပါဝင်သည့် ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တန်ဖိုးမြှင့်အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုရှိသော အစီအစဉ်များကို ထောက်ပြထားသည်။

လွယ်ကူသောချေးငွေသတ်မှတ်ချက်ကြောင့် BRI ကို ၂၀၁၃ ခုနှစ် စတင်ကတည်းက အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပနိုင်ငံအချို့တို့တွင် လက်ခံမှုများခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly