ဓာတု ပေါက်ကွဲမှုများဖြင့် လျှပ်စစ်မီးများ ပြတ်တောက်သွားစေမည့် အသံထက်မြန်သော ဒုံးကျည်များကို တရုတ် တီထွင်နေ

ဓာတု ပေါက်ကွဲမှုများဖြင့် လျှပ်စစ်မီးများ ပြတ်တောက်သွားစေမည့် အသံထက်မြန်သော ဒုံးကျည်များကို တရုတ် တီထွင်နေ

ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးသွားစေမည့် ပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်း ထွက်ရန် ဒီဇိုင်းပြုလုပ်ထားသော အသံထက်မြန်သည့် လက်နက်များကို တရုတ်သိပ္ပံပညာရှင်များက တီထွင် လျက်ရှိသည်။

မိုင် ၂၀ဝ၀ အကွာအဝေးထိရောက်သည့် ဒုံးကျည်သည် အသံထက် ၆ ဆ မြန်ပြီး မြို့တစ်မြို့ကို ဓာတု ပေါက်ကွဲမှု ဖြစ်စေရန် ဒီဇိုင်းဆင်ထားပြီး စက္ကန့်ပိုင်းအတွင်း အကြီးအကျယ် ပျက်စီးသွားစေနိုင်သည်။

အဆိုပါ ဒုံးကျည်များသည် အာကာသအတွင်း ထားရှိသည့် ကြိုတင်သတိပေးစနစ်ကို ရှောင်ရှားရန် ကမ္ဘာ့လေထုအတွင်း ရှိနေမည်ဟု ပေကျင်းမြို့ရှိ တရုတ် နည်းပညာတီထွင်ရေး အကယ်ဒမီမှ သုတေသီများက ပြောကြားသည်။

ပစ်မှတ်ဧရိယာပေါ်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ရွှေ့လျား ဖိသိပ်စက် ဟု ခေါ်ဆိုသော စက်ဖြင့် လျှပ်စစ်ဓာတ်အားပေး သံလိုက်လှိုင်းကို ဖိချုံ့လိုက်ခြင်းဖြင့် ဓာတုပစ္စည်းပေါက်ကွဲမှုကို ဖြစ်စေမည်ဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် ရှော့ဖြစ်ရာမှ ထွက်ပေါ်လာသည့် စွမ်းအင်ဖြစ်ချိန်ကို တိုးတောင်းစေမည်ဖြစ်သော်လည်း အလွန်အင်အားကြီးမားသော လျှပ်စစ်သံလိုက်လှိုင်း(EMP) ကို ထွက်ပေါ်လာစေမည်ဖြစ်သည်။

အင်ဂျင်နီယာသိပ္ပံပညာရှင် စွန်ကျန်းနှင့် တွဲဖက်သုတေသီများက ဒုံးကျည်နည်းပညာဂျာနယ်ဟုခေါ်သော ပြည်တွင်းထုတ်ဂျာနယ်တွင် အဆိုပါ လက်နက်အကြောင်းကို ရေးသားရာတွင် "၁၀ စက္ကန့်အတွင်းမှာ စွမ်းအင်၏ ၉၅ ရာခိုင်နှုန်းကို ထုတ်လွှတ်နိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်းပျက်စီးမှုဖြစ်စေရန်အတွက် ဓာတ်အားကို အမြန်ဆုံး ဖြတ်တောက်ရန်အတွက် သင့်လျော်ကြောင်း ရေးသားခဲ့သည်။

အဆိုပါ လက်နက်သည် ၂ ကီလိုမီတာအကွာအဝေးအတွင်း ပစ်မှတ်ထားသော သတင်းအချက်အလက် ကွန်ရက်အတွင်းရှိ လျှပ်စစ်ပစ္စည်းများကိုလည်း ထိရောက်စွာ ပြတ်တောက်စေနိုင်သည်။

ရန်သူက လက်နက်လာနေသည်ကို မသိရှိခြင်းသည် ယခုလက်နက်အသစ်၏ အဓိကအားသာချက် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly