CNDF ထံလာ ပူးပါင်းသည့် ပြည်သူ့စစ်သားနှင့် ရဲများကို ဆုငွေများထုတ်ပေးပြီး လုံခြုံသည့် နေရာပို့ဆောင်ပေး

CNDF ထံလာ ပူးပါင်းသည့် ပြည်သူ့စစ်သားနှင့် ရဲများကို ဆုငွေများထုတ်ပေးပြီး လုံခြုံသည့် နေရာပို့ဆောင်ပေး

ဖလမ်း၊ အောက်တိုဘာ (၁)

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ပြီးလာရောက်ပူးပေါင်းကြသည့် ဖလမ်းမြို့၊ ခလရ (၂၆၈) တပ်ရင်းမှ တပ်သားတစ်ဦး၊ သီးဘွာလ် တပ်စခန်းမှ တပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦးတို့အား ဆုငွေများချီးမြှင့်၍ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

''စက်တင်ဘာလအတွင်း ပြည်သူ့ရဲ ရှစ်ဦးနှင့် ပြည်သူ့စစ်သား နှစ်ဦး စုစုပေါင်း ၁၀ဦး CNDF ထံအလင်းဝင်လာကြတယ်။ တော်လှန်ရေးအောင်မြင်ရန်အတွက် ပြည်သူ့စစ်သားနှင့် ပြည်သူ့ရဲများမှ မိမိနီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ခြင်းဖြင့် ပြည်သူနှင့်အတူတကွ ရပ်တည်ရန် CNO/CNDF မှ အလေးအနက် ထပ်မံတိုက်တွန်းလိုပါတယ်" ဟုလည်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် CNF, ZRO(E), CDF, PDF များနှင့်လည်း လက်တွဲဆောင်ရွက်နေပြီး စစ်အာဏာရှင်များကို တော်လှန်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly