စစ်ကောင်စီတပ်က ပလက်ဝစစ်ဘေးရှောင်များကို အောက်တိုဘာလအတွင်း နေရပ်ပြန်ရေးစီစဉ်

စစ်ကောင်စီတပ်က ပလက်ဝစစ်ဘေးရှောင်များကို အောက်တိုဘာလအတွင်း နေရပ်ပြန်ရေးစီစဉ်

စက်တင်ဘာ ၃၀

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား လွန်ခဲ့သည့်နှစ်အတွင်း က တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များ အောက်တိုဘာလတွင် နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီတပ်က ပြောကြားသွားသည်။

ပလက်ဝအခြေစိုက် ခလရ (၂၈၉)တပ် အမှတ်(၁၁)မှ တပ်မမှုးက စက်တင်ဘာ လ ၂၆ ရက်နေ့မှာ ကျေးရွာပေါင်း ၂၁ ရွာမှ တာဝန်ခံများကိုခေါ်ယူပြောဆို သွားခဲ့ခြင်းဖြစ်သည်။

စစ်ဘေးရှောင်များအနေဖြင့် မိမိတို့ကျေးရွာများသို့ပြန်မယ်ဆိုလျှင် တိုက်ပွဲ အတွင်းပျက်စီးသွားခဲ့ရသည့် နေအိမ်များကိုပြန်လည်ပြုပြင်ပေးသွားမည်ဖြစ် ပြီး၊ ကျေးရွာအတွင်းနှင့် အနီးအနားရှိ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ကိုဖယ်ရှားပေးရန်နှင့် စားနပ်ရိက္ခာများထောက်ပံ့ပေးသွားမည်ဟုဆိုကြောင်း တာဝန်ခံများက ပြန်လည်ပြောပြသည်။

ကျေးရွာတာဝန်ခံတစ်ဦးက “သူတို့က ရွာကိုပြန်လို့ရရန်ပြန်မှာလာမေးတယ်။ ပြန်မယ် လို့ဖြေလိုက်တယ်။ ဘတ်ဂျက်ကတော့ကျပြီ ငွေမရောက်သေ့ဘူးလို့ ပြောတယ်။ အောက်တိုဘာလ မကုန်ခင်သိရမယ်လို့ပြောတယ်။ ရွာပြန်မယ် ဆိုရင် ကား၊စက်လှည်တွေနဲ့ ပို့ပေးမယ်လို့လည်းပြောတယ်။မိုင်းတွေကို လည်းရှင်းလင်းပေးမယ်လို့ပြောတယ်။” ဟု ပြောသည်။

တိုက်ပွဲအတွင်းပျက်စီးသွားခဲ့သည် နေအိမ်များအတွက် နေအိမ်တစ်ခုလျှင် ထောက်ပံ့ငွေ ၅၈၃,၀၀၀ ကျပ်နှင့် ပြုပြင်ရန် နေအိမ်များအတွက် ၃၈၆,၀၀၀ ကျပ် ထောက်ပံ့သွားမည်ဖြစ်ပြီး၊ စားဝတ်နေရေးအတွက်ဒီဇင်ဘာလ အထိထောက်ပံ့သွားမည်ဟုသိရသည်။

ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း AA နှင့် စစ်ကောင်စီတပ် တို့အကြားတိုက်ပွဲဖြစ်ပွားမှုတွေကြောင်း ပလက်ဝ- ကျောက်တော်ရေလမ်းကြောင်းကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခဲ့သည်။ ထိုသို့ ပိတ်ပင်ထားမူကြောင့် ဒေသခံများအနေဖြင့် သွားလာရေး အခက်အခဲရင်ဆိုင်ကြရသည်။

စစ်ဘေးရှောင်များက ပလက်ဝ- ကျောက်တော် ရေလမ်းကြောင်းကို ဖွင့်ပေး စေချင်သည်ဟုတောင်းဆိုကြသည်။

“အဓိကတော့ ရွာပြန်သွားရင် လွတ်လွတ်လပ်လပ် သွားဖို့လာဖို့လိုလားတယ်။ ကုန်ရောင်းကုန်ဝယ်ရရှိဖို့လည်းလိုသေးတယ်။အရင်ဆိုရင် ရခိုင်ကဆန်တွေ ကို စက်လှည်တွေနဲ့ လာရောင်းတယ်၊သွားဝယ်တယ် အရင်ကလိုပဲဖြစ်စေချင် တယ်။” ဟု မီးလက်ဝကျေးရွာမှစစ်ဘေးရှောင်တစ်ဦးကပြောသည်။

၂၀၂၀ ခုနှစ်၊ ဧပြီလတွင်း AA နှင့် စစ်ကောင်စီတပ်တို့အကြား ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ကျေးရွာ ၂၁ ရွာမှ၊ ဒေသခံ ၅၀၀၀ကျော်ဟာ ပလက်မြို့ အထကစစ်ဘေးရှောင်စခန်းကိုသွားရောက်ခုံလှုံ နေထိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required