စက်တင်ဘာ ၂၉
အကြမ်းဖက်စစ်ကောင်စီထံသို့ ငွေကြေးစီးဆင်းမှုဖြစ်စေသော လျှပ်စစ်မီတာခ ကောက်ခံခြင်း၊ အခွန်ကောက်ခံခြင်း၊ လောင်းကစားဝိုင်းများ ဖွင့်ခြင်းတို့ကို လုံးဝလုပ်ဆောင်ခြင်း မပြုကြရန် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)မှ ယနေ့စက်တင်ဘာလ၂၉ ရက်တွင် အရေးပေါ် သတိပေးထုတ်ပြန်လိုက်သည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ အမြန်ဆုံးနုတ်ထွက်ကြရန်လည်း စက်တင်ဘာ ၂၄ ရက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးခဲ့သေးသည်။
အဆိုပါ အရေးပေါ်ကြေညာချက်များအား လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာသည့်အကျိုးဆက်များအား HPDF မှ လုံးဝတာဝန်ယူမည် မဟုတ်ဟု ဆိုသည်။
ထို့ပြင် ထီးချိုင့်မြို့နယ် မန္တလေး -ဗန်းမော် ဗျူဟာလမ်းနှင့် မန္တလေး -မြစ်ကြီးနား ဗျူဟာလမ်းသို့ ည ၈ နာရီမှစ၍ ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် ထီးချိုင့်မြို့နေပြည်သူများ အနေဖြင့် ည ၈နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့လုံးဝမထွက်ကြရန် HPDF တပ်ဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်ကလည်း
မေတ္တာရပ်ခံထားသည်။