ကြွေးမြီမြင့်တက်ခြင်းနှင့် ခါးပတ်လမ်းမစီမံကိန်းသစ် ရည်မှန်းချက်က တရုတ်စီးပွားရေးကို ပျက်စီးစေနိုင်

ကြွေးမြီမြင့်တက်ခြင်းနှင့် ခါးပတ်လမ်းမစီမံကိန်းသစ် ရည်မှန်းချက်က တရုတ်စီးပွားရေးကို ပျက်စီးစေနိုင်

တရုတ်ပြည်၏ စုစုပေါင်းကြွေးမြီများသည် အဓိကအားဖြင့် အိမ်ခြံမြေ၊ ကော်ပိုရေးရှင်းများနှင့် သမရိုးကျ ဘဏ် မဟုတ်သည့် အခြားဘဏ္ဍာရေးလုပ်ငန်းများကြောင့်ဖြစ်သည်။

ကြွေးမြီအများစုမှာ ဒေသခံအစိုးရများနှင့် နိုင်ငံပိုင်လုပ်ငန်းများတွင် တင်ရှိနေခြင်းကြောင့် တရုတ်၏ စုစုပေါင်းကြွေးမြီများကို ခန့်မှန်းရန်ခက်ခဲကြောင်း အယ်ဒီတာ မာဟူရာဗန်ကာတက်က ရေးသားခဲ့သည်။

တရုတ်အစိုးရက ပထဝီနိုင်ငံရေးသြဇာလွှမ်းမိုးရန် ၎င်း၏ ခါးပတ်လမ်းမစီမိကိန်းသစ်ရည်မှန်းချက်များ ရှေ့ဆက် အကောင်အထည်ဖော်ရေး တွန်းအားပေးနေသည့်အချိန်၌ တရုတ်စီးပွားရေးတွင် ကြွေးမြီပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်အစိုးရက နိုင်ငံပိုင် Huarong Asset Management ကုမ္ပဏီကို ခန့်မှန်းခြေ ဒေါ်လာ ၂၃၈ ဘီလီယံဖြင့် အာမခံပေးကယ်တင်ခဲ့သော်လည်း Evergrande Group ကို ယင်းကဲ့သို့ကယ်တင်ရန် အရိပ် အယောင် မတွေ့ရသေးပေ။

Huarongသည် ယင်း၏ ဘဏ္ဍာရေးရှင်းတမ်းကို ၄ လ နောက်ကျပြီးမှ ထုတ်ပြန်နိုင်ခဲ့ပြီး ယင်း၏ နှစ်အလိုက် အမြတ်ငွေမှာ ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

“ ကုမ္ပဏီက ဒေဝါလီခံရကိန်းဆိုက်ခဲ့ပါတယ်။ တရုတ်အစိုးရက Lehman Brothers လို ပြဿနာမျိုးကြုံ နေရတာပါ” ဟု The Diplomat ၏ ဆောင်းပါးတစ်ပိုဒ်တွင် ဖော်ပြထားသည်။

သေချာစွာတွက်ချက်ပြီးနောက် တရုတ်အစိုးရသည် ယခင်က China International Trust Investment Corporation ဖြစ်သည့် Citic Group နှင့် တခြားအစိုးရပိုင်လုပ်ငန်းများအကူအညီဖြင့် ကုမ္ပဏီအား ဒေါ်လာ ၇ ဒသမ၇ ဘီလီယံ အရင်းအနှီးဖြင့် ဝင်ရောက်ကယ်တင်ခဲ့သည်။

တစ်လအတွင်း ဒေါ်လာ ၃၀ဝ ဘီလီယံကျော် အကြွေးတင်ရှိနေသော Evergrande Group သည် စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာ့စီးပွားရေးအသိုင်းအဝန်းက ဖြစ်ပေါ် တိုးတက်မှုများကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေစဉ်တွင် တရုတ်အစိုးရက အိမ်ခြံမြေလုပ်ငန်းကြီးကို ကူညီမည့် အရိပ် အယောင် မတွေ့ရသေးပေ။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတွင် ကြွေးမြီများ မြင့်တက်လာခြင်းက တရုတ်အတွက် အလေးထား စိုးရိမ်စရာ ဖြစ်လာနေသည်။ အစီရင်ခံစာများအရ တရုတ်ကော်ပိုရေးရှင်းများ၏ ၁၂ လအတွင်းပေးမည့် ခန့်မှန်းခြေ ကြွေးမြီသည် ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ခန့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly