လှည်းကူးတွင် ဒလန်ဟု အမည်ထွက်နေသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရ

လှည်းကူးတွင် ဒလန်ဟု အမည်ထွက်နေသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရ

စက်တင်ဘာ ၂၇

လှည်းကူးမြို့တွင် ဒလန်ဟုသမုတ်ခံရသူ အနှေးယာဉ်လုပ်သားတစ်ဦး ယနေ့နံနက်က သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု မြို့ခံများအပြောအရသိရသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ အနောက်မင်းလမ်း CB ဘဏ်အနီး လက်ဖက်ရည်ဆိုင်ရှေ့တွင် ကိုမြင့်စိုးဆိုသူသည် နံနက် ၁၀ မိနစ်၃၀ ဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

" လည်ပင်းကိုထိသွားတာ ၊ သိသလောက်တော့ သူက ကြံ့ခိုင်ရေးအားပေးသူပဲ ။ အခုစစ်ကား ရောက်နေပြီ ။ စစ်ဆေးနေတယ်။ သူ့ Dead Body (ရုပ်အလောင်း) ကို လူနာတင်ယာဉ်နဲ့ သယ်သွားပြီ"ဟု မျက်မြင်တွေ့ရှိသူ မြို့ခံ ကပြောသည်။

ကိုမြင့်စိုးသည် မြို့မရပ်ကွက်၊ ၈/၂လမ်းတွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်သားများလုံခြုံရေးစောင့်ရာ CB Bank အနီးတွင် ဆိုက္ကားဂိတ်ထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly