တရုတ်၏ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်း ၇ နှစ်ဆက်တိုက်နောက်ဆုံးတွင် ရှိနေ

တရုတ်၏ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်း ၇ နှစ်ဆက်တိုက်နောက်ဆုံးတွင် ရှိနေ

အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းတွင် တရုတ်သည် ၇ နှစ်ဆက်တိုက် နောက်ဆုံးတွင် ရပ်တည်နေပြီး တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်သည် အဆင့် ၅ နေရာတွင် ရှိနေသည်။

ထိုင်ဝမ်အတွက် Freedom House အဖွဲ့၏ အင်တာနက်လွတ်လပ်ခွင့်တွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများနှင့် မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ထိုင်ဝမ်သည်အများဆုံး အမှတ် ၁၀ဝ တွင် ၈၀ ရရှိခဲ့သည်ဟု ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

အစီရင်ခံစာများအရ တရုတ်သည် ကမ္ဘာပေါ်တွင်အင်တာနက်လွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ထိခိုက်စေသည့် နိုင်ငံအဖြစ် မကောင်းသည့် ရမှတ် ၁၀ မှတ်ရထားပြီး “အွန်လိုင်းမှ အတိုက်အခံများ၊ လွတ်လပ်သော သတင်းစာနယ်ဇင်းနှင့် သာမန်နေ့စဉ် ဆက်သွယ်မှုတို့အတွက် ပြင်းထန်သော ထောင်ဒဏ်များချမှတ်ခြင်း” အတွက် တရုတ်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

ကိုဗစ်-၁၉ နှင့် ပတ်သက်သော သတင်းအချက်အလက်များအား ဆင်ဆာဖြတ်တောက်ခြင်းအတွက် တရုတ်ကို Freedom House က ပြစ်တင်ရှုတ်ချခဲ့သည်ဟု ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီး ယခုအခါနိုင်ငံများစွာသည် ကြီးထွားလာနေသည့် ဆိုက်ဘာရာဇဝတ်မှုများ ခြိမ်းခြောက်မှုကို အာရုံစိုက်လုပ်ကိုင်နေရသလို ထိုင်ဝမ်သည် လည်း တရုတ်၏စစ်ရေးဖိအားနှင့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် များစွာ ရင်ဆိုင်နေရသည်။

ထိုင်ဝမ်က ပြင်းထန်သော ဆိုက်ဘာ တိုက်ခိုက်မှုအများစုကို ခုခံကာကွယ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုးဖောက်ဝင်ရောက်ခံရမှု ရာဂဏန်းအနက် အနည်းငယ်ကိုသာ အစိုးရက အရေးကြီးသော တိုက်ခိုက်မှုအဖြစ်သတ်မှတ်ခဲ့သည်။

မတ်လတွင် Microsoft ၏ အီးမေးလ်ဝန်ဆောင်မှုကို တိုက်ခိုက်ခြင်းအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ရန်လို သော တိုက်ခိုက်မှုများအတွက် တရုတ်က ဟက်ကာများနှင့် ရာဇဝတ်မှုဆိုင်ရာစာချုပ်များချုပ်ဆို၍ ပြုလုပ်ခဲ့သည်ဟု ဇူလိုင်လ အစောပိုင်းတွင် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားမဟာမိတ်များသည် တရုတ်နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနကို စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly