မင်းကင်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄ဦးထက်မနည်း သေဆုံး

မင်းကင်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ လေးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသည်။

မင်းကင်းမြို့နယ်အတွင်းရှိ ကလေးဝ-မုံရွာ အာရှကားလမ်းမဘေး ဂုံညင်းကျေးရွာအနီးတွင် စက်တင်ဘာ၂၅ရက် နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“သူတို့က မင်းကင်းမြို့နယ်ထဲက ရွာတွေကို တောက်လျှောက်ဝင်ပြီး ရှာဖွေတယ်ဆိုပြီးဖျက်ဆီးတယ်။ အခုလည်း ဒီကောင်တွေအင်အား၈၀လောက်က ခြေလျှင်တတ်လာတာ။ အဲဒါကို တောင်တွင်းPDFက ကြားဖြတ်ဝင်တိုက်တာ”ဟု မင်းကင်းPDF နှင့်နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်မှ မင်းကင်းမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေခြင်းကြောင့် ကျေးရွာအချို့မှ လူဦးရေ ၁,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly