ဆိုင်ကယ်လိုင်စင်လာလုပ်သူများ၏ အသက်ကို တာဝန်မယူ‌တော့ကြောင်း မွန် PDF ထုတ်ပြန်

ဆိုင်ကယ်လိုင်စင်လာလုပ်သူများ၏ အသက်ကို တာဝန်မယူ‌တော့ကြောင်း မွန် PDF ထုတ်ပြန်

စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ်လိုင်စင်လာလုပ်သူများ၏ အသက်အန္တရာယ်ကို တာဝန်ယူတော့မည် မဟုတ်ကြောင်း မွန်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF )က စက်တင်ဘာ ၂၄ရက်တွင် အသိပေးထုတ်ပြန် ကြေညာထားသည်။

အကြိမ်ကြိမ် သတိပေးထားသည့်ကြားမှ မော်လမြိုင်မြို့ရှိ ပြည်နယ် က.ည.န ရုံးတွင် လိုင်စင်လာလုပ်သူများကို စစ်ကောင်စီအား ကူညီထောက်ပံ့သူများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း MPDFကဆိုသည်။

မော်လမြိုင် က. ည. န ရုံးတွင် လိုင်စင်လာမလုပ်ကြရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် ကတစ်ကြိမ်၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ MPDF က ဗုံးခွဲသတိပေးခဲ့သည် ဟုသိရသည်။

သတိပေးဗုံးဖောက်ခွဲပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၄ ရက်တွင်လည်း အဆိုပါ က.ည.န ရုံးတွင် လိုင်စင်လုပ်သူများနှင့် စည်ကားနေဆဲဖြစ်ကြောင်း သိရသည်။

က.ည.နရုံး ဗုံးဖောက်ခွဲရခြင်းသည် စစ်ကောင်စီ၏ ဝင်ငွေရရှိနေမှုကို ဖြတ်တောက်ရန် လုပ်ဆောင်ခြင်းဖြစ်‌ကြောင်း MPDF က ထုတ်ပြန်ပြောဆိုထားသည်။

မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် MPDF နှင့်အတူ People's Defense Organization - Mawlamyine ကလည်းအတူပူးပေါင်း၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required