ဟောင်ကောင်နိုင်ငံရေး အထက်တန်းလွှာများက တရုတ်အစိုးရ၏ အမျိုးသားရေးဆန်သည့် ရွေးကောက်ပွဲ လုပ်ငန်းစတင်

ဟောင်ကောင်နိုင်ငံရေး အထက်တန်းလွှာများက တရုတ်အစိုးရ၏ အမျိုးသားရေးဆန်သည့် ရွေးကောက်ပွဲ လုပ်ငန်းစတင်

တရုတ်အစိုးရက ချမှတ်ထားသည့် အမျိုးသားရေးဆန်သော ရွေးကောက်ပွဲ စနစ်သစ်အောက်တွင် ဟောင်ကောင် နိုင်ငံရေးအထက်တန်းလွှာများက လွှတ်တော်၏ ကိုယ်စားလှယ် ထက်ဝက်နီးပါးကို ရွေးချယ်မည့် သြဇာကြီးမားသော ကော်မတီတစ်ခုကို စက်တင်ဘာ ၂၀ရက်က စတင်ရွေးချယ်လိုက်သည်။

ယင်းကော်မတီက ဆက်လက်၍ ခေါင်းဆောင်သစ်ကို ရွေးချယ်မည်ဖြစ်သည်။

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူ ၁၅၀ဝ ပါသည့် ရွေးကောက်ပွဲကော်မတီရွေးချယ်ကာ မျိုးချစ်များ အုပ်ချုပ်သော ဟောင်ကောင် ဟုခေါ်သည့် ယင်းစနစ်သစ်အောက်တွင် ရွေးကောက်ပွဲကို စက်တင်ဘာ ၂၀ရက်က ပထမဆုံးပြုလုပ် ကျင်းပခြင်းဖြစ်သည်။

ယင်းကော်မတီသည် ဒီဇင်ဘာလတွင် ဟောင်ကောင် လွှတ်တော်ရှိ အမတ်နေရာ ၉၀ အနက် ၄၀ ကို ခန့်အပ် မည်ဖြစ်ပြီး အမတ်နေရာ ၃၀ အား အထူးအဖွဲ့များက ရွေးချယ်ကာ အမတ်နေရာ၂၀ ကိုသာ တိုက်ရိုက်ရွေးချယ်ရမည်ဖြစ်သည်။

၂၀၂၂ခုနှစ်၊ မတ်လတွင် တရုတ်အတည်ပြုသည့် ဟောင်ကောင်၏ နောက်ထပ် ခေါင်းဆောင်ကို ရွေးလိမ့်မည်ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို တရုတ်သို့ လွှဲပြောင်းပေးပြီးနောက် သေးငယ်သည့် အတိုက်အခံ အနည်းငယ်ရှိခဲ့ပြီး နှစ်ပေါင်းများစွာ ဆန္ဒပြမှုများရှိနေသော်လည်း ဟောင်ကောင်သည် မည်သည့်အချိန်ကမှ ဒီမိုကရေမရခဲ့ပေ။

လွန်ခဲ့သော ၂ နှစ်ကဖြစ်ပွားခဲ့သည့် ဒီမိုကရေစီစုဆန္ဒပြပွဲများကို တရုတ်က နှိမ်နင်းခဲ့ပြီး တရုတ်အစိုးရအပေါ် သစ္စာရှိသူများသာ အာဏာရသည့် နိုင်ငံရေးစနစ်သစ်ကို ပြောင်းလဲခဲ့သည်။

နိုင်ငံရေးစနစ်သစ်က ပိုမိုကိုယ်စားပြုခွင့်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာပြောကြားသော်လည်း အစိုးရကို ဆန့်ကျင်သူများ အာဏာရမည်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ဒီမိုကရေစီလိုလားသောအတိုက်အခံများအတွက် နေရာမရှိဘဲ၊ ဟောင်ကောင်ကို အာဏာရှင် ကွန်မြူနစ်ပါတီ အုပ်ချုပ်သောပြည်မကြီး၏ ရုပ်ပြအဖြစ်သာ ပြောင်းလဲလိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။

သြစတြေးလျသို့ ပြောင်းရွှေခဲ့သော ဥပဒေပြုအမတ်ဟောင်း သက်ဟွေက ဟောင်ကောင်၏ နိုင်ငံရေးစနစ် သည် ယခုအခါ တရုတ်အစိုးရက လုံးလုံးလျားလျားထိန်းချုပ်ထားသည့် သြဇာခံစနစ်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly