တီအန်မင် အရေးအခင်း ဖြိုခွင်းမှုနှင့် ပတ်သက်သောအကြောင်းအရာများကို ဖယ်ရှားပေးရန် ဟောင်ကောင်အဖွဲ့တစ်ဖွဲ့ ဖိအားပေးခံရ

By Just Earth News
24 September 2021
တီအန်မင် အရေးအခင်း ဖြိုခွင်းမှုနှင့် ပတ်သက်သောအကြောင်းအရာများကို ဖယ်ရှားပေးရန် ဟောင်ကောင်အဖွဲ့တစ်ဖွဲ့ ဖိအားပေးခံရ

ဟောင်ကောင်ရှိ ထင်ရှားသောဒီမိုကရေစီလိုလားသူအုပ်စုတစ်စု၏ ရေးသားချက်များကို ဖယ်ရှားရန် ရဲအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းကြောင့် အင်တာနက်စာမျက်နှာများမှ ပယ်ဖျက်လိုက်ရကြောင်း မီဒီယာများက စက်တင်ဘာ ၁၉ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်မျိုးချစ်ဒီမိုကရက်တစ်လှုပ်ရှားမှုများကိုထောက်ခံအားပေးသည့်ဟောင်ကောင်မဟာမိတ်အဖွဲ့မှတက်ကြွ လှုပ်ရှားသူများက ဟောင်ကောင်ရဲတပ်ဖွဲ့၏ သတိပေးချက်ကို စက်တင်ဘာ ၁၀ရက်က ရရှိခဲ့သည်။ အမျိုးသားလုံခြုံရေးဥပဒေကို လိုက်နာရန် အွန်လိုင်းတွင် တင်ထားသည့် အကြောင်းအရာများကို ၇ ရက်အတွင်း ဖြုတ်ချရန် ယင်းအဖွဲ့အား သတိပေးခဲ့သည်ဟု Kyodo သတင်းဌာနကဖော်ပြသည်။

မဟာမိတ်အဖွဲ့သည် ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင်ဆန္ဒပြပွဲများနှင့် ပတ်သက်သည့် ဆန္ဒပြပွဲဓာတ်ပုံများ၊ ဆန္ဒပြဖြိုခွဲမှုအတွင်း သေဆုံးခဲ့သည့် ဆန္ဒပြသူအချို့၏ မိသားစုများ၏ သက်သေခံမှတ်တမ်းများအပါအဝင် အကြောင်း အရာများစွာကို ဖော်ပြထားသည့် ယင်းတို့၏ ဝက်ဘ်ဆိုက်အား ပိတ်ပစ်လိုက်ရသည်ဟု သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းအဖွဲ့သည် Facebook၊ Instagram၊ Twitter နှင့် YouTube အပါအ ဝ င် လူမှုမီဒီယာများ၏ အကောင့်များကိုလည်း ဖျက်ပစ်ခဲ့သည်။

အဖွဲ့အနေဖြင့် Facebook စာမျက်နှာသစ်တစ်ခုဖန်တီးပြီး သတင်းများဆက်လက် ဖော်ပြမည်ဟု ပြောကြားထားသည်။

ဒုတိယဥက္ကဌ တိုနီရီချောအပါအဝင်အဖွဲ့ဝင် ၄ ဦး သည် ရဲများက တောင်းဆိုသည့် အဖွဲ့နှင့် ပတ်သက်သော သတင်းအချက်အလက် များကို ပေးရန် ငြင်းဆန်သောကြောင့် စက်တင်ဘာလအစောပိုင်းတွင် အဖမ်းခံ ခဲ့ရသည်ဟု Kyodo News က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly