ပါကစ္စတန်က တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် အလျင်အမြန် လုပ်ဆောင်နေကြောင်း ပညာရှင်တစ်ဦး ပြောကြား

By India Blooms News Service
23 September 2021
ပါကစ္စတန်က တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် အလျင်အမြန် လုပ်ဆောင်နေကြောင်း ပညာရှင်တစ်ဦး ပြောကြား

ပါကစ္စတန် အစိုးရအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် အလျင်အမြန်လုပ်ဆောင်နေကြောင်း ပထဝီနိုင်ငံရေးဆိုင်ရာ အကြီးတန်းပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ထိန်းချုပ်ပြီး ၁ လနီးပါးအကြာတွင် ကြားဖြတ်အစိုးရဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

“ပါကစ္စတန်က အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်အဖွဲ့ကို အသိအမှတ်ပြုဖိုနဲ့ အားပေးဖို့ကို အလျင်အမြန်လုပ်ဆောင်နေပေမယ့် လူနည်းစုတွေ၊ အမျိုးသမီးတွေပါဝင်ပြီး တာလီဘန်မဟုတ်တဲ့ အုပ်စုတွေက ကိုယ်စားပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ်ဖြစ်စေဖို့ ဖိအားပေးမှုကြောင့် အခက်အခဲရှိနေပါတယ်” ဟု ပေါလ်အန်တိုနိုပိုလက်စ်က Greek City Times သတင်းစာတွင် ဖော်ပြခဲ့သည်။

“ဒီအခြေအနေတွေနဲ့ ကိုက်ညီမှသာ အသိအမှတ်ပြုဖို့နဲ့ တာလီဘန်တွေကိုယ်တိုင်က ဒါတွေကို လက်ခံသဘောတူမှသာ သူတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုနေပေမယ့် ပါကစ္စတန် ဝန်ကြီးတစ်ဦးက တာလီဘန်အစိုးရကို ပွင့်ပွင့်လင်းလင်း ထောက်ခံလိုက်တာကြောင့် စိုးရိမ်စရာတွေ ဖြစ်နေပါတယ်” ဟုလည်း ၎င်းက ရေးသားထားသည်။

“ဒီအခြေအနေတွေ ဖြစ်မလာခင်အချိန်အထိ ကဘူးလ်မြို့ကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ‌ပြန်မစဖို့ အလွတ်သဘောလက်ခံထားတယ်။ ဒါပေမယ့် ပါကစ္စတန်က စက်တင်ဘာ ၁၃ ရက်မှာ ပါကစ္စတန်လေကြောင်းလိုင်း (PIA) ကို ပထမဆုံးစတင်ပျံသန်းခဲ့ပြီး ဒီသဘောတူညီချက်ကို ချိုးဖောက်ခဲ့သလို သတင်းထုတ်ပြန်တာလည်း လုပ်ခဲ့တယ်” ဟု ေါလ်အန်တိုနိုပိုလက်စ်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly