အမေရိကန်က အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှုများ ပြုလုပ်တော့မည့်အစီအစဉ်နှင့် ပတ်သက်နေကြောင်း သတင်းထွက်ပေါ်ခြင်းကို အိန္ဒိယအစိုးရ ငြင်းဆို

By The Indian Express
22 September 2021
အမေရိကန်က အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှုများ ပြုလုပ်တော့မည့်အစီအစဉ်နှင့် ပတ်သက်နေကြောင်း သတင်းထွက်ပေါ်ခြင်းကို အိန္ဒိယအစိုးရ ငြင်းဆို

အာဖဂန်နစ္စတန်တွင် အမေရိကန်က တိုက်ခိုက်မှုများကို မကြာမီလုပ်ဆောင်ရန် အိန္ဒိယနှင့်အတူ ပူးပေါင်း လုပ်ဆောင်နေသည်ဆိုသော မီဒီယာသတင်းများကို အိန္ဒိယအစိုးရက စက်တင်ဘာ ၁၆ ရက်တွင် ငြင်းဆိုလိုက်သည်။

သတင်းစာရှင်းလင်းပွဲတစ်ခု၌ မေးခွန်းတစ်ခုအား ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရအရာရှိ အာရင်ဒန်ဘက်ချီက အာဖဂန်နစ္စတန်အရေးနှင့် ပတ်သက်၍ အမေရိကန်ကွန်ဂရက်ကြားနာမှုတွင် ဆွေးနွေးသည့်အကြောင်းအရာများ သည် မီဒီယာသတင်းများနှင့် အနည်းငယ်ကွာခြားလျက်ရှိကြောင်း ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ မီဒီယာသတင်းတွေကို တုံ့ပြန်ချင်တာကတော့ ခင်ဗျားတို့အနေနဲ့ အမေရိကန်ကွန်ဂရက်ရဲ့ နိုင်ငံခြားရေးရာကော်မတီကြားနာမှု အစစ်အမှန်ကို ပြန်လည်နားထောင်ကြဖို့ မေတ္တာရပ်ခံပါတယ်။ သတင်းက နည်းနည်းလွဲနေတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြားသတင်းအချက်အလက် ဘာမှမရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

အိန္ဒိယနှင့် ရေးထိုးထားသည့် နှစ်နိုင်ငံ စစ်ရေးသဘောတူ စာချုပ်တွင် ပါဝင်သည့်အချက်အလက်များအရ အမေရိကန်အနေဖြင့် သတင်းထွက်ပေါ်သည့်အတိုင်း အိန္ဒိယနှင့် လုပ်ဆောင်လာနိုင်သလားဆိုသည့် မေးခွန်းအပေါ် မဖြစ်နိုင်ကြောင်း ဘက်ချီက ပြောကြားသည်။

မည်သည့်နိုင်ငံကမှ အိန္ဒိယကို ဖိအားမပေးနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အာဖဂန်နစ္စတန်တွင် အခြေအနေများ တိုးတက်လာစေရန် အိန္ဒိယအနေဖြင့် အမေရိကန်အပြင် အခြားမိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်းလည်း ဘက်ချီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က ကွန်ဂရက်လွှတ်တော် ကြားနာပွဲတွင် ရီပတ်ပလစ်ကင် အမတ် မာ့ခ်ဂရင်းက အာဖဂန်နစ္စတန်၌ အကြမ်းဖက်နှိမ်နှင်းရေး လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းမှ တိုက်ခိုက်မှုများကို မကြာမီ လုပ်ဆောင်နိုင်ခြေများရှိကြောင်း ဆွေးနွေးခဲ့သည်။

ဘိုင်ဒင်၏ အစိုးရက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သီးခြားမှတ်ချက် ပေးမထာပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly