ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ သက်သေပြစရာမလိုဘူးလို့ အခိုင်အမာဆိုလိုက်တဲ့ လီဝန်ဒေါစကီး

ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ သက်သေပြစရာမလိုဘူးလို့ အခိုင်အမာဆိုလိုက်တဲ့ လီဝန်ဒေါစကီး
Photo: FC Bayern

နွေရာသီက အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုများစွာ ရှိနေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စူပါစတား ရောဘတ် လီဝန်ဒေါစကီးက သူဟာ တခြားလိဂ်တစ်ခုမှာ သူ့ကိုယ်သူ သက်သေပြဖို့ မလိုအပ်ကြောင်း ပြောပါတယ်။

လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါမှာ ၂၉ ပွဲကစား၊ စံချိန်တင်သွင်းဂိုး ၄၁ ဂိုး သွင်းယူခဲ့ပြီး ၂၀၂၀-၂၁ ရာသီအတွက် ဥရောပရွှေဖိန်ဆု ရယူခဲ့ပြီးနောက် ပြောဆိုခဲ့တာပါ။

အသက် ၃၃ နှစ်ရှိ လီဝန်ဒေါစကီးဟာ ၂၀၁၄ ကတည်းက ဘိုင်ယန်အသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး သြဂုတ်လအတွင်း သတင်းများတွေအရ သူဟာ နောက်ဆုံးပြောင်းရွှေ့မှုကြီးတစ်ရပ် ရှာဖွေနေလို့ သိရပါတယ်။

အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိနေတဲ့ လီဝန်ဒေါစကီးကို ပရီးမီးယားလိဂ်ကလပ်အသင်းများက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိပေမယ့် သူဟာ ဘိုင်ယန်အသင်းမှာသာ အပြည့်အဝ ရှိသွားမယ်လို့ အခိုင်အမာဆိုလိုက်တာကြောင့် သူက ထင်ကြေးတွေကို အဆုံးသတ်စေခဲ့ပါတယ်။

"တခြားလိဂ်တစ်ခုမှာ ကိုယ့်ကိုယ်ကို သက်သေပြစရာ မလိုပါဘူး။"လို့ အင်္ဂါနေ့က သူရယူချင်တဲ့ ဥရောပရွှေဖိနပ်ဆုကို လက်ခံနေစဉ် လီဝန်ဒေါစကီးက ပြောပါတယ်။ "ချန်ပီယံလိဂ်မှာ တခြားလိဂ်တွေကနေ ကျနော် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါတယ်။"

"ကျနော်ဟာ ဘိုင်ယန်မြူးနစ်အပေါ် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်နေပါတယ်။ ကျနော့်အသင်းကလွဲလို့ တခြားဘာကိုမှ မတွေးထားပါဘူး။"

သူဟာ ၂၀၁၄ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၁၉-၂၀ ရာသီမှာ ချန်ပီယံလိဂ်ဖလား၊ ဘွန်ဒက်စ်လီဂါဖလားနဲ့ ဂျာမန်ဖလားတို့ကို တစ်ရာသီအတွင်း ဆုဖလား သုံးလုံးကို ဆွတ်ခူးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly