လေဖြတ်‌နေသော နိုင်ငံရေးအကျဉ်းသားဟောင်းကို စစ်ကောင်စီတပ် ဖမ်းဆီး

လေဖြတ်‌နေသော နိုင်ငံရေးအကျဉ်းသားဟောင်းကို စစ်ကောင်စီတပ် ဖမ်းဆီး

စက်တင်ဘာ ၂၁

လေဖြတ်ဝေဒနာခံစားနေရသော အသက် ၆၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းကို စစ်ကောင်စီတပ်က ယမန်နေ့ညနေက ဖမ်းဆီးသွားသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၅ )ရပ်ကွက်၊ ဒေသအခေါ်(အတီးစု အရပ်)တွင် နေထိုင်သူ ဦးဇော်ထိုက်ကို စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က ဖမ်းသွားခြင်းဖြစ်သည်။

ဦးဇော်ထိုက်သည် ဧပြီလကတည်းက နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(ဂ)တို့ဖြင့် အမှုဖွင့်ထားသည့်အတွက် ရှောင်တိမ်း‌နေရသူဖြစ်ကြောင်း သိရသည်။

"သူက နိုင်ငံရေးအကျဉ်းသားဟောင်းဆိုပေမယ့် အာဏာမသိမ်းခင်ကတည်းက လေဖြတ်နေတာ ဒီတော်လှန်ရေးမှာ ဘာမှလုပ်နိုင်မယ်မထင်ဘူး။ ဒလန်က သတင်းပေးလို့သာ အဖမ်းခံရတာသူက သူ့ရောဂါနဲ့သူ ဘာမှမလုပ်နိုင်လို့ ရှောင်နေတာပါ"ဟု ပုသိမ်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသည့်အတွက် ရောဂါအခံရှိသူ ၎င်းအတွက် စိတ်ပူပင်နေကြကြောင်း မိသားစုဝင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly