သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် မိုင်တဲလ် တာဝါတိုင် မိုင်းခွဲခံရ

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် မိုင်တဲလ် တာဝါတိုင် မိုင်းခွဲခံရ

စက်တင်ဘာ ၂၁ ၊ ၂၀၂၁ ။

သပိတ်ကျင်းမြို့နယ်အတွင်း နောက်ထပ် Mytel တာဝါတိုင်တစ်ခု မိုင်းခွဲဖျက်စီးခံရမှု ယမန်နေ့ညနေကဖြစ်ပွားခဲ့ရာ မြို့နယ်အတွင်း သုံးခုမြောက်ဖျက်စီးခံရသော တာဝါတိုင်ဖြစ်လာခဲ့သည်။

'' မိုင်းခွဲသံ မကြားခင်ကတော့ ရွာမှာ လျှပ်စစ်မီး ခဏပျက်သွားသေးတယ်။ မီးပျက်တဲ့အချိန်မှာပဲ မိုင်းခွဲသံကြားလိုက်ရတာ ''ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ၊ချောင်းကြီးကျေးရွာအနောက်ဘက် သုသာန်အနီးရှိ မိုင်တဲလ်တာဝါတိုင်ကို ည‌နေ ၆နာရီ မိနစ် ၃၀ ဝန်းကျင်က မိုင်းခွဲခံရခြင်းဖြစ်သည်။

တာဝါတိုင် အနီးဝန်းကျင်တွင် စစ်‌ကောင်စီတပ်ဖွဲ့ ဝင်များ ရောက်ရှိ‌နေပြီး ချောင်းကြီးရဲကင်းစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည်ဟု သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly