တရုတ်၏အိပ်မက်ဆိုး Evergrande အခင်းအကျင်းသည် ထိန်းချုပ်မရသောပျက်စီးမှုများသို့ ဦးတည်နိုင်

တရုတ်၏အိပ်မက်ဆိုး Evergrande အခင်းအကျင်းသည် ထိန်းချုပ်မရသောပျက်စီးမှုများသို့ ဦးတည်နိုင်

ရင်းနှီးမြှုပ်နှံသူ ၇၀ဝဝဝ ကျော်အား ကတိပြုထားသည့်အချိန်ထက် အလွန်နောက်ကျနေပြီဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံ တစ်ဝန်းရှိ China Evergrande Group ရုံးခွဲများတွင် ဆန္ဒပြမှုများပိုမို ပြင်းထန်လျက်ရှိသည်။

မန်ဟက်တန်၏ လေးပုံသုံးပုံကို လွှမ်းခြုံနိုင်သည့် အဆောက်အအုံများတည်ဆောက်မှု မပြီးဆုံးခင် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် အိမ်ဝယ်သူတစ်သန်းကျော်မှာ အခက်ကြုံနေရသည်။

လက်ရှိပြိုဆင်းနေသောအိမ်ခြံမြေဈေးကွက်သည် ရောင်းအားထိုးကျနေကြောင့် အခြားဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ အခက်ကြုံနေရပြီး တရုတ်စီးပွားရေး၏ လေးပုံတစ်ပုံကျော်ကို ထောက်ပံ့ပေးသော ကွင်းဆက်တစ်ခုလုံးသည်လည်း ဂယက်ရိုက်ခံနေရသည်။

ကိုဗစ်ဒဏ်ခံနေရသော ဝယ်ယူသူများသည် ကုန်ကျစရိတ်များပို၍ လျော့ချနေသလို သမ္မတရှီကျင့်ဖျင်၏ နိုင်ငံရေးအရ အရေးကြီးသော အသွင်ကူးပြောင်းရေးကာလအတွင်း လူထု၏ မကျေနပ်မှုများ မြင့်တက် နေသည်။

အဆင့်နိမ့်အိမ်ခြံမြေကုမ္ပဏီများမှ အားကောင်းသော ကုမ္ပဏီများနှင့် ဘဏ်များသည် ချေးငွေဈေးကွက် ဖိစီးမှုဒဏ်ခံနေရသည်။ တရုတ်စတော့နှင့် ငွေချေးစာချုပ်များ ဒေါ်လာ ၅၂၇ ဘီလီယံဖိုး ဝယ်ယူထားသော ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများသည် ဇွန်လမှစတင်၍ ၁၅ လလုံးလုံး ရောင်းချနေသည်။

တရုတ်အစိုးရက Evergrande ၏ ဒလိမ့်ခေါက်ကွေးကျဆင်းမှုကို ဆက်လက်ပြီးထိန်းမထားနိုင်ပါက မည်ကဲ့သို့ ဖြစ်မည်ကို သေချာမသိနိုင်သေးသော်လည်း ကွန်မြူနစ်ပါတီက နာကျင်မှုကို မည်မျှသည်းခံမည်ကို တွက်ချက်ရင်း အဆိုးဆုံးအခြေအနေများကို တရုတ်စောင့်ကြည့်လေ့လာနေသူများက ထုတ်ဖော်ပြောဆိုနေသည်။

ဘဏ္ဍာရေးကျဆင်းမှုလက္ခဏာများမြင့်တက်လာသည်နှင့်အမျှ ဝင်ရောက်စွက်ဖက်ရန် ဖိအားမြင့်တက် လျက်ရှိသည်။

“ အရေးပါတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးဖြစ်တဲ့ Evergrande ဒေဝါလီခံလိုက်မယ်ဆိုရင် အိမ်ခြံမြေ ကဏ္ဍတစ်ခုလုံးအတွက်ပြဿနာတက်သွားစေနိုင်ပါတယ်” ဟု ပေကျင်းအခြေစိုက် အသေးစား ရင်းနှီးမြှုပ်နှံ ဘဏ်တစ်ခုဖြစ်သော Chanson & Co. ၏ ဒါရိုက်တာ ရှန်မင်းက ပြောကြားခဲ့သည်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly