မက်ဆီကို လူစားလဲခဲတဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုလိုက်တဲ့ ပိုချက်တီနို

မက်ဆီကို လူစားလဲခဲတဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုလိုက်တဲ့ ပိုချက်တီနို
Photo: EPA

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ တနင်္ဂနွေနေ့ရဲ့ လီဂူ-၁(ဝမ်း)ပွဲစဉ်မှာ လိုင်ယွန်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဘာစီလိုနာကစားသမားဟောင်း လီယွန်နယ် မက်ဆီကို လူစားလဲခဲ့တဲ့တာနဲ့ ပတ်သက်လို့ သူ့ဆုံးဖြတ်ချက်ကို ကာကွယ်သွားခဲ့ပါတယ်။

မက်ဆီဟာ အိမ်ကွင်းပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပေမယ့် ပွဲစဉ် ၇၅ မိနစ်မှာ နောက်ခံလူ ဟာကီမီးနဲ့ လူစားလဲခံခဲ့ရတာပါ။ အဲဒီအချိန်မှာ ၁-၁ ဂိုးသရေကျနေခဲ့တာဖြစ်ပြီး ဒီမာရီယာနေရာ လူစားဝင်တိုက်စစ်မှူး အီကာဒီက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

"ကျနော်တို့အသင်းမှာ ကစားသမားကောင်းတွေရှိနေတာ အားလုံးလည်း သိမှာပါ။ ကစားသမား ၃၅ ဦးစာရင်းရှိပါတယ်။ ဒါက ကျနော့် ဆုံးဖြတ်ချက်ပါ။ ကျနော့်တို့ တစ်ချိန်ထဲ ကွင်းထဲမှာ ကစားသမား ၁၁ ယောက်သာ ရှိနိုင်ပါတယ်။"လို့ ပိုချက်တီနိုက ပြောပါတယ်။

"ပွဲတစ်ပွဲစီတိုင်းမှာ ကစားသမားတစ်ဦးစီအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ရမယ့်အကြောင်းကိုသာ ကျနော် စဉ်းစားပါတယ်။ ဒါကလည်း နည်းပြတိုင်း ဒီလိုဆုံးဖြတ်ချက်မျိုး ချမှတ်ရပါတယ်။

"ကျနော်တို့တွေဟာ ဒီနေရာမှာ ဆုံးဖြတ်ချက်တွေ ချရပါတယ်။ တခါတလေ လူတွေက ဒီလိုချမှတ်တာတွေနဲ့ ပျော်ပါလိမ့်မယ်။ တခါတလေကျရင် သူတို့ မပျော်ပါဘူး။"

မက်ဆီဟာ ခုံတန်းဆီ လျှောက်သွားနေတုန်းမှာ ပိုချက်တီနိုရဲ့ လက်ကမ်းတာကို ငြင်းပယ်လိုက်တာကို မြင်တွေ့ရပါတယ်။

ဘော်လွန်းဒီအော်ဆု ၆ ကြိမ်ရရှိထားတဲ့ မက်ဆီ မပျော်မရွှင်ဖြစ်ခဲ့တယ်ဆိုတာကို ပိုချက်တီနိုက ပယ်ချခဲ့ပါတယ်။

"သူဘယ်လိုနေလဲလို့ ကျနော် မေးခဲ့တယ်။ သူ အဆင်ပြေပါလို့ ပြောပါတယ်။"

အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ကစားခဲ့ပြီးတဲ့ ၆ ပွဲစလုံး နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ ဒုတိယနေရာက မာဆေးလ်အသင်းကို ၅ မှတ်ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly