ဝီစီကိုင်လက်တွေက သေနတ်ပြောင်းကိုင်လို့ မရနိုင်ဘူး(ဆောင်းပါး)

20 September 2021
ဝီစီကိုင်လက်တွေက သေနတ်ပြောင်းကိုင်လို့ မရနိုင်ဘူး(ဆောင်းပါး)

မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှာ ရှိတဲ့ တပ်ဖွဲ့ဖွဲ့စည်းပုံစနစ်အရ လက်နက်ကိုင်လုံခြုံရေးဘက်ကို တာဝန်ယူရတဲ့ အဖွဲ့အစည်းရှိသလို ပြည်သူ့ဝန်ဆောင်မှုကို တာဝန်ယူရတဲ့ အဖွဲ့အစည်းတွေက လုပ်ငန်းတာဝန်အရ ခွဲခြားသတ်မှတ်ပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်အမှုထမ်းကတည်းက ကိုယ်က ဘယ်တပ်ဖွဲ့မှာ အမှုထမ်းချင်တယ်ဆိုတာကို အထင်အရှားကြေညာပြီး အမှုထမ်းကြတာဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ အခြေခံရဲတပ်သားသစ် သင်တန်းတက်ရောက်ရတယ်ဆိုပေမယ့် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ ဝန်ဆောင်မှုပေးရတဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဌာနက သူ့လက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ ယာဉ်ထိန်းရဲတွေကို ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေဆီ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့် စက်တင်ဘာလ ၆ ရက် နေ့စွဲနဲ့ ပြုလုပ်ခဲ့တဲ့ အမိန့်စာရွက် လူမှုကွန်ရက် ဖေ့ဘုတ်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။လူထုနဲ့ အနီးစပ်ဆုံးနေပြီး ဝီစီကိုင် ဝန်ဆောင်မှုပေးနေသူတွေကို လက်နက်ကိုင် စစ်တိုက်ခိုင်းဖို့ ပြင်နေတာ ဖြစ်ပါတယ်။ ဒါဟာ နောက်ဆုံး ပြောရရင် စစ်အုပ်စု အာဏာတည်မြဲရေးသာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ နိုင်ငံနဲ့ နိုင်ငံသားတွေကို လေးစားတန်ဖိုးမထားလို့ အာဏာသိမ်းထားသလို လူထုကို ဝန်ဆောင်မှုပေးဖို့ တည်ဆောက်ဖွဲ့စည်းထားတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ဆိုတဲ့ မတရားတဲ့အမိန့်တွေနဲ့ လက်နက်ကိုင်ခိုင်းပြီး သူတို့ အကျိုးစီးပွားကို ကာကွယ်ခိုင်းပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly