Tata Sons ကုမ္ပဏီနှင့် SpiceJet လေကြောင်းလိုင်းအကြီးအကဲတို့က Air India လေကြောင်းလိုင်းကို ဝယ်ယူရန် ကမ်းလှမ်း

Tata Sons ကုမ္ပဏီနှင့် SpiceJet လေကြောင်းလိုင်းအကြီးအကဲတို့က Air India လေကြောင်းလိုင်းကို ဝယ်ယူရန် ကမ်းလှမ်း

အိန္ဒိယနိုင်ငံ၏ Tata Sons ကုမ္ပဏီနှင့် SpiceJet လေကြောင်းလိုင်း ဥက္ကဌ အာဂျေးဆင်းတို့ ဦးဆောင်သည့် လုပ်ငန်းစုတို့က Air India လေကြောင်းလိုင်းအား ဝယ်ယူရန် ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိသည်။

Tata Sons သည် ၎င်းတို့ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော Talace Private Ltd မှတစ်ဆင့် ဝယ်ယူရန် ကမ်းထားသလို ဆင်းကလည်း ၎င်း၏ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဝယ်ယူနိုင်ရန် ကမ်းလှမ်းထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူပိုင်ပစ္စည်း စီမံခန့်ခွဲရေး ဌာန၏ တွစ်တာစာမျက်နှာတွင် Air India လေကြောင်းလိုင်းကို ဝယ်ယူရန် ကမ်းလှမ်းမှုများ ရရှိထားကြောင်း အမည်များကို ဖော်ပြခြင်းမပြုဘဲ ရေးသားထားသည်။

“လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်သည်” ဟုလည်း တွစ်တာတွင် ရေးသားထားသည်။

ဝယ်ယူရန် ကမ်းလှမ်းမှုကို လုပ်ဆောင်ထားကြောင်းလည်း Tata Sons ကုမ္ပဏီက Times of India သို့ အတည်ပြု ပြောကြားသည်။

အစိုးရ၏ ပြည်သူပိုင်ပစ္စည်းလွှဲပြောင်းရေး အကြံပေးကုမ္ပဏီ Ernst & Young Private Limited က Air India လေကြောင်းလိုင်း၏ အစုရှယ်ယာများ ရောင်းချရေးတွင် အကြံပေးအဖြစ် လုပ်ဆောင်မည်ဖြစ်သည်။ လေကြောင်းလိုင်း ရောင်းချရေးအတွက် ကြမ်းခင်းဈေးကို EY က မကြာမီ သတ်မှတ်သွားမည်ဖြစ်သည်။ ကြမ်းခင်းဈေးထက် အများဆုံး ပေးနိုင်သူက နိုင်ငံပိုင် လေကြောင်းလိုင်းကို ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်။

အစိုးရပိုင်ပစ္စည်း ရောင်းချမှုအစီအစဉ်တွင် ထင်ရှားသည့် လုပ်ဆောင်မှုတစ်ခုဖြစ်သော Air India လေကြောင်းလိုင်း‌ရောင်းချရေးကို ယခုနှစ်အတွင်း ပြီးစိးရန် အစိုးရက မျှော်လင့်ထားသည်။

လေကြောင်းလိုင်းကို ဝယ်ယူခွင့်ရသည့်အဖွဲ့အစည်းအနေဖြင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက် ထားမှုစံနှုန်းထားနှင့် ကိုက်ညီရန် လိုအပ်မည်ဖြစ်သည်။ Air India တွင် စုစုပေါင်း အကြွေး ရင်းဂစ် ၄၃၀၀၀ ကုဋေ ရှိသည့်အနက် ရင်းဂစ် ၂၃၂၈၇ ကုဋေကို ဆက်မှတ်ထားမည်ဖြစ်ကာ ကျန်ငွေများကို လေကြောင်းပြေးဆွဲရေးဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်းများနှင့် မသက်ဆိုင်သည့် Air India Asset Holdings ကုမ္ပဏီသို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်က Tata Sons ကုမ္ပဏီ၏ အစုရှယ်ယာရှင်များက လေကြောင်းလိုင်း ဝယ်ယူရေး လုပ်ငန်းအတွက် ပြောင်းလဲနိုင်ခြင်းမရှိသည့် စာချုပ်စာတမ်းများမှတစ်ဆင့် ရင်းဂစ် ၄၃၀၀၀ ရရှိရေး အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

Vistara နှင့် Air Asia India တို့ကို လုပ်ကိုင်နေသည့် Tata Sons က Air India ကို ရရှိရန် ရှေ့ပြေးလျက်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားသည်။ Tata Sons သည် Air India လေကြောင်းလိုင်းကို လုပ်ငန်းတိုးတက်စေရန် ၁၉၃၂ ခုနှစ်က ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ခဲ့ပြီး ၎င်း၏ အကျိုးအမြတ်များကို အစိုးရသို့ ၁၉၅၃ ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly