လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်

By The Geneva Daily
19 September 2021
လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်

ရှန်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိဘက်ရှိ တိုင်းရင်းသားလူနည်းစုများအား အဓမ္မအလုပ်စေခိုင်းမှုနှင့် စနစ်တကျ မွေးဖွားမှု အဓမ္မထိန်းချုပ်ခြင်းတို့အပါအဝင် မကြုံစဖူးဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုပုံစံမျိုးစုံဖြင့် တရုတ်က မကြာသေးမီအချိန်များက လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်နေခြင်းအပေါ် ကမ္ဘာကြီးက မျက်မြင်တွေ့ရှိခဲ့သည်။

ဇွန်လတွင် လွတ်လပ်သော ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများက တရုတ်အစိုးရ၏ တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအား ဖိနှိပ်မှုအပေါ် ဝေဖန်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် အိုလံပစ်ထုတ်ကုန်များဖြစ်သည့် အိုလံပစ်ကော်မတီများ၏ အထိမ်းအမှတ်ဖြစ်သော အိုလံပစ် ကွင်းများသည်လည်း ရှင်ကျန်းဒေသတွင် အဓမ္မအလုပ်စေခိုင်းမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်နိုင်သည်။

အိုလံပစ်ပြိုင်ပွဲသည် လူသားများ၏ အောင်မြင်မှုနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသော်လည်း လူနည်းစုများကို ဖိနှိပ်မှုနှင့် အနိုင်ကျင့်မှုသည် အိုလံပစ်ပြိုင်ပွဲစံနှုန်းများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီသည် အဖွဲ့ဝင် ၈၅ ပါအဖွဲ့ဖြင့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် ၂၀၁၄ခုနှစ်တွင် လျှို့ဝှက်မဲပေးရွေးချယ်ခဲ့ရာ ကာဇက်စတန်နိုင်ငံ၊ အယ်မာတီမြို့အစား တရုတ်ပေကျင်းမြို့ကို ၄၄-၄၀ မဲဖြင့် ရွေးချယ်ခဲ့ကြသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ကောင်းစွာ မကြိုဆိုခဲ့ကြဘဲ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြသည်။

ဆောင်းရာသီအိုလံပစ်အတွက်ပေကျင်းက ရွေးချယ်ခံရပြီးချိန်နောက်ပိုင်း လူ့အခွင့်အရေးချိုး ဖောက်မှုများ သည် တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် မြင့်တက်လာခဲ့သည်။

အားကစားပွဲတော်အတွက် အရေးပါသော လိုအပ်ချက်ဖြစ်သော်လည်း ပြည်တွင်းမီဒီယာများနှင့် အင်တာနက်ကို ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ခဲ့သည်။

မီဒီယာကုမ္ပဏီကြီးများတွင် အလုပ်လုပ်နေသော နိုင်ငံတကာသတင်းထောက်များက အွန်လိုင်း ဆင်ဆာဖြတ် တောက်မှုများအတွက် ဝေဖန်ပြစ်တင်မှုများထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly