အမေရိကန်က ရင်းနှီးမြှုပ်နှံမှုများကို တရုတ်မှ အိန္ဒိယသို့ ရွှေ့ပြောင်းရန် စဉ်းစားနေ

အမေရိကန်က ရင်းနှီးမြှုပ်နှံမှုများကို တရုတ်မှ အိန္ဒိယသို့ ရွှေ့ပြောင်းရန် စဉ်းစားနေ

အမေရိကန်က ယင်း၏ အရင်းအနှီးများကို တရုတ်မှ အိန္ဒိယသို့ ရွှေ့ပြောင်းရန် စိတ်ဝင်စားနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမကြီးများ ဝန်ကြီးဌာန ဝန်ကြီး နီတင် ဂတ်ခါရီက ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ ၈ရက်က အစည်းအဝေးတစ်ခုမှာ အိန္ဒိယဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အမေရိကန်က အရင်းအနှီးတွေကို တရုတ်ကနေ အိန္ဒိယကို ရွှေ့ပြောင်းဖို့ စိတ်ဝင်စားတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။

အိန္ဒိယတိုးတက်ဖွံ့ဖြိုးဖို့အတွက် သူတို့ရဲ့ နည်းပညာနဲ့ အရင်းအနှီးတွေကို ကျွန်တော်တို့ကို ပံ့ပိုးပေးချင်ပါတယ်" ဟု ဗစ်ဗက်ဗာရာယာအမျိုးသားသိပ္ပံအင်စတီကျူ့၏ ၁၉ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဝန်ကြီး နီတင် ဂတ်ခါရီက ပြောကြားခဲ့သည်။

"အိန္ဒိယပြည်သူတွေရဲ့ ဉာဏ်ရည်ကို ကမ္ဘာတစ်ဝန်းလုံးက ကောင်းကောင်း အသိအမှတ်ပြုပြီးတန်ဖိုးထားပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးက ရေရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုအတွက် အိန္ဒိယကို မျှော်ကြည့်နေကြပါတယ်" ဟု BJP ပါတီခေါင်းဆောင်က ထပ်လောင်း ပြောကြားခဲ့သည်။

"'AtmaNirbhar' အစီအစဉ်အရ ကျွန်တော်တို့က လူငယ်တွေကို အားပေးထောက်ခံနေကြောင်း၊ AtmaNirbhar Bharat '၊' အိန္ဒိယတွင်ထုတ်လုပ်သည်'၊ ' အိန္ဒိယအစပျိုးုလုပ်ငန်းများ ' ကဲ့သို့သော တက်ကြွသော အစီအစဉ်များဖြင့် လူငယ်များအား တီထွင်ဆန်းသစ်သော စိတ်ကူးများနှင့် အယူအဆများမှ တဆင့် တိုင်းပြည်ကို ပြောင်းလဲပစ်ရန်အားပေးနေသည် "ဟု ဝန်ကြီး နီတင် ဂတ်ခါရီက ပြောကြားခဲ့သည်။

တိုင်းပြည်၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ဝန်ကြီး နီတင် ဂတ်ခါရီက ဝန်ကြီးချုပ် မိုဒီက တောင်ပေါ်ဒေသများတွင် ပန်းသီးစိုက်ပျိုးရေးအတွက် ဒရုန်းနည်းပညာကို အသုံးချနိုင်ကြောင်းကို ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် သူ့ကို ထောက်ပြခဲ့ကြောင်း ဆိုသည်။

ဒရုန်းနည်းပညာ၏ ဆင့်ကဲတိုးတက်မှုအပေါ် ဂတ်ခါရီက "အခု မော်တော်ယာဉ်နဲ့ နည်းပညာအတွက် အထူးအစီအစဉ်တွေ ကျွန်တော်တို့ အားပေးနေပါတယ်။ ဒရုန်းနည်းပညာက အရမ်းအရေးကြီးပါတယ်၊ စိုက်ပျိုးရေးမှာ ဒရုန်းတွေကို အသုံးပြုပြီး ပိုးသတ်ဆေးဖြန်းဖို့ သုံးနေပါတယ်။

"ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေပါတယ်။ ဗစ်ဗက်ဗာရာယာအမျိုးသားသိပ္ပံအင်စတီကျူ့ကို ကျွန်တော် တောင်းဆိုချင်တာက ဒရုန်းတွေအတွက် အထူးဌာနတစ်ခု ဖွင့်လှစ်ဖို့ပါ။ ကျွန်တော်တို့ရဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေးယာဉ်တွေက ဒရုန်းတွေပါ။ စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေး အတွက်လဲ သုံးနိုင်ပါတယ်" ဟု ဝန်ကြီး နီတင် ဂတ်ခါရီက ပြောကြားခဲ့သည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly