ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ဖြေရှင်းရေး သင်တန်းပို့ချ

By India Blooms News Service
18 September 2021
ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ဖြေရှင်းရေး သင်တန်းပို့ချ

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ပြည်နယ် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (SDRF) က ဆိုရာ မြို့မှ ရှာအီကက်ရှ်မီးယား ဆေးသိပ္ပံဌာနတွင် ဝန်ထမ်း ၄၀ နှင့် ဂျမူးမြို့ရှိ အစိုးရဆေးကောလိပ်တွင် ဝန်ထမ်း ၁၀၀ တို့ကို ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သက်ဆိုင်သည့် သင်တန်းများကို ပို့ချခဲ့ကြောင်း အဆိုပါအဖွဲ့၏ ကွပ်ကဲရေးအရာရှိချုပ် ဗီကေဆင်းက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြား လိုက်သည်။

“ကိုဗစ်ရောဂါနဲ့သက်ဆိုင်တဲ့ တာဝန်တွေ ထမ်းဆောင်ချိန်မှာ သတိပြုလိုက်နာရမယ့်အချက်တွေကို ၁ ပတ်ကြာသင်တန်းပို့ချတာဖြစ်ပါတယ်” ဟု ဆင်းက ပြောသည်။

“ဂျမူးနဲ့ ဆရီနဂါမြို့တွေက SDRF ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ကုသဆောင်တွေမှာ အလုပ်လုပ်တဲ့အခါ အကာအကွယ်ပစ္စည်းတွေ အသုံးပြုတတ်ဖို့ လေ့ကျင့်ပေးတာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေများတွင် အုပ်ချုပ်ရေးအဖွဲ့ကို ကူညီရန် SDRF က အသင့်ဖြစ်နေသည်။

အရေးပေါ် ဆက်သွယ်နိုင်မည့် Sukoon ကို ပြုလုပ်ထားပြီး စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်မှုများကိုလည်း ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် SDRF ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆင်းက “မုတ်သုံနဲ့ ရေကြီးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလုပ်တွေ လုပ်နေပါတယ်။ ဒီလုပ်ငန်းအတွက် ပစ္စည်းတွေကိုလည်း ဝယ်ယူလျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly