မရမ်းကုန်းဘုရားဝင်းတပ်စွဲထားသော စစ်ကောင်စီတပ် စစ်သား ၃ ဦး ထွက်ပြေး

မရမ်းကုန်းဘုရားဝင်းတပ်စွဲထားသော စစ်ကောင်စီတပ် စစ်သား ၃ ဦး ထွက်ပြေး

စက်တင်ဘာ ၁၈

ရန်ကုန် မရမ်းကုန်းမြို့နယ် ပေါ်တော်မူဘုရားဝင်းအတွင်း တပ်စွဲထားသည့် အဖွဲ့ထဲမှ စစ်သားသုံးဦး ထွက်ပြေးမှု စက်တင်ဘာ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့ ကြောင်း ဒေသခံများအပြောအရ သိရသည်။

စစ်သားများက မရမ်းကုန်း (၂) ရပ်ကွက်အတွင်းရှိ ဘုရားဝင်းအတွင်းရှိ ချုံနွယ် ပိတ်ပေါင်းများအကြား ယူနီဖောင်းများဝှက်ပြီး ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

" ဧည့်စာရင်း သွားတိုင်ချိန် အဲ့နေ့က မီးပျက်နေတာပါ။ ဘုရားဝင်းအတွင်းက ချူံ၊နွယ်များကြား စစ်သားသုံးယောက်ဟာ ယူနီဖောင်းများဝှက်ထားခဲ့ပြီး ထွက်ပြေးသွားလို့ သူတို့ယောက်ယက်ခတ်နေကြတာပါ။ ဧည့်စာရင်း တိုင်တဲ့ သူတွေကိုလည်း မလာနဲ့တော့လာစစ် ဒီမှာစာရွက်ပေးထားတယ်ဆိုပြီး ပြန်နှင် လွတ်ခဲ့တာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါ်တော်မူဝင်းအတွင်းတပ်စွဲထားသည့်တပ်သည် စစ်အာဏာသိမ်းပြီး အစော ပိုင်းကာလကက အနီးပတ်ဝန်းကျင်ရှိဒေသခံ ပြည်သူများသံပုံးတီးသည့် အခါ အိမ်ပေါ်ထိလိုက်လံဖမ်းဆီးကာ ဆဲဆိုရိုက်နှက်ခြင်း၊ တပ်ထဲခေါ်ဆောင်သွား ပြီး ညလုံးပေါက်သံပုံးတီးခိုင်းခြင်း၊ အမျိုးသမီးများအား လမ်းပေါ်တွင်ကပြခိုင်း ခြင်း၊ ထိုင်ထလုပ်ခိုင်းခြင်းများလုပ်ခဲ့သည့် တပ်လည်းဖြစ်သည်။

ဓါတ်ပုံ- ဧပြီလနှောင်းပိုင်းညတစ်ညက သံပုံးတီးသော အမျိုးသမီးများကို မရမ်းကုန်း ပေါ်တော်မူ ဘုရားဝင်းအတွင်းတပ်စွဲထားသည့် စစ်သားများက လမ်းတွင် ကပြခိုင်းခဲ့သည့်ပုံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly