အာဖရိကတိုက်တွင် ပိုမိုခြေကုပ်ယူရန် ဒေသတွင်းနိုင်ငံများနှင့် လုံခြုံရေးဆက်ဆံရေးကို တရုတ် တိုးမြှင့်ခဲ့

အာဖရိကတိုက်တွင် ပိုမိုခြေကုပ်ယူရန် ဒေသတွင်းနိုင်ငံများနှင့် လုံခြုံရေးဆက်ဆံရေးကို တရုတ် တိုးမြှင့်ခဲ့

အာဖရိက တိုက်တွင် ခိုင်မာစွာ ခြေကုပ်ယူရေး မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်သည် အာဖရိကနိုင်ငံများနှင့် လုံခြုံရေးဆက်ဆံရေးကို အချိန်ကြာမြင့်စွာကတည်းက တိုးမြှင့်ခဲ့သည်ဟု မီဒီယာ တစ်ခုက ဆိုသည်။

ဘဏ္ဍာရေးအကျိုးစီးပွားများ ရရှိရေးနှင့် မဟာဗျူ ဟာမြောက် သြဇာလွှမ်းမိုးမှုရရှိရေးအတွက် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်ရန် တရုတ်အစိုးရက အာဖရိကနှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။

ကဏ္ဍပေါင်းစုံတွင် ဂုဏ်သိက္ခာရှိသည့်နေရာများရရှိရေးအတွက် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုနှင့် မဲများကို လိုအပ်ခြင်းကြောင့် အာဖရိကနိုင်ငံများအပေါ်သြဇာလွှမ်းမိုးမှုက တရုတ်ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း The Times of Israel က စက်တင်ဘာ ၁၄ရက်တွင် ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် သမ္မတရှီကျင့်ဖျင်က အစီအမံသစ်အချို့ကို ကြေညာခဲ့ပြီးနောက် တရုတ်နှင့်အာဖရိကအကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုများ စတင်တိုးတက်လာခဲ့သည်။

စစ်ရေးကဏ္ဍတွင် အပြန်အလှန်ဖလှယ်မှုအတွက် တရုတ်-အာဖရိကငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်ကို လည်း ထူထောင်ခြင်းဖြင့် အာဖရိကအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုစွမ်းရည်ကို တည်ဆောက်ရန်၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များလေ့ကျင့်ရေးကို တိုးချဲ့ရန်နှင့် အာဖရိကနိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို အလုံးစုံအားကောင်းလာစေရန်ရည်ရွယ်သည်။

အာဖရိကအရန်တပ်ဖွဲ့(ASF) နှင့် အကျပ်အတည်းကို ချက်ချင်းတုံ့ပြန်နိုင်သော အာဖရိက စွမ်းရည်အဖွဲ့(ACIRC) အတွက် ငါးနှစ်တာကာလအတွင်း စစ်ရေးအကူအညီအတွက် တရုတ်က ဒေါ်လာ သန်း ၁၀ဝ ဘတ်ဂျက် လျာထားခဲ့သည်။

အာဖရိကသမဂ္ဂအတွက် ကွန်မြူနစ်အစိုးရသည် ငွေကြေးနှင့် စစ်ရေးအကူအညီအများဆုံးပေးနေသည့် အစိုးရဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly