အမေရိကန်ကို ဖယ်ရှားရန် သူလျှိူလုပ်ငန်းကို အသုံးပြုခြင်းဖြင့် တရုတ်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေ

အမေရိကန်ကို ဖယ်ရှားရန် သူလျှိူလုပ်ငန်းကို အသုံးပြုခြင်းဖြင့် တရုတ်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေ

အမေရိကန်၏ နေရာကို ဖယ်ရှားပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ တည်ဆောက်နေသည့် စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ကို ဖျက်ဆီးရန် တရုတ်က လုပ်ဆောင်နေကြောင်း အမေရိကန် The National Interest မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

အဆိုပါ မဂ္ဂဇင်းတွင် သဘောထားအမြင်ဆောင်းပါးရေးသားသူ စတက်ဗ်ရို့စ်အက်တလမ်ဇိုဂလူးက “အမေရိကန်အနေဖြင့် ရုရှား၊ မြောက်ကိုရီးယား၊ အီရန်၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါအပါအဝင် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုအများအပြားကို ကြုံတွေ့နေရသည်။ ထို့ပြင် တရုတ်ကလည်း အမေရိကန်နိုင်ငံလုံခြုံရေးအတွက် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာရန် တက်လှမ်းလျှက်ရှိသည်” ဟု ရေးသားထားသည်။

“ကမ္ဘာ့ ထိပ်ဆုံးအင်အားကြီးနိုင်ငံဖြစ်လာစေရန် တရုတ်သည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အားသက်ချက်များကို အသုံးချနေကြောင်း၊ အမေရိကန်နှင့် ရုရှားအပါအဝင် ပြည်ပနိုင်ငံများ၏ F-35 ၊ F-22 နှင့် ဒုံးပျံ နည်းပညာများ၏ အသေးစိတ်ပြုလုပ်ပုံများကို ခိုးယူခြင်းတို့နှင့် သူလျှိူနည်းလမ်းများကို အသုံးချကာ တရုတ်က ၎င်း၏ စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်လျှက်ရှိသည်။

“ယင်းကဲ့သို့ လျှိူ့ဝှက်လုပ်ဆောင်မှုများသည် အမေရိကန်၏ နိုင်ငံလုံခြုံရေးနှင့် စီးပွားရေးကြွယ်ဝမှုကို ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်” ဟုလည် အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားသည်။

နိုင်ငံတော် တန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန၏ ယာယီ ညွှန်ကြားရေးမှူး မိုက်ခ် အော်လန်ဒိုအား တွေ့ဆုံမေးမြန်းမှုကို ကိုးကား၍ “တရုတ်က သူလျှိူလုပ်ငန်းဖြင့် ဉာဏမူပိုင်ခွင့် ခိုးယူခြင်းကြောင့် တစ်နှစ်လျှင် အမေရိကန်အနေဖြင့် ဒေါ်လာ ဘီလျံ ၂၀၀ မှ ၃၀၀ အထိ ဆုံးရှုံးနေသောကြောင့် လွန်ခဲ့သည့် နှစ် ၁၀ ကာလအတွင်း အနည်းဆုံး ပမာဏ ဒေါ်လာ ၄ ထရီလီယံမှ အများဆုံးပမာဏ ဒေါ်လာ ၁၂ ထရီလီယံအထိ ဆုံးရှုံးခဲ့သည်” ဟု ရေးသားထားသည်။

“တရုတ်ကွန်မြူနစ်ပါတီက အမေရိကန်အပေါ် ပြုလုပ်သည့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုသည် လူများကို အသုံးချခဲ့သည်။ မိမိတို့နိုင်ငံကြုံတွေ့ခဲ့ရသည့် အဆိုးရွားဆုံး ရှုပ်ထွေး၊ ထိခိုက်၊ နစ်နာမှုဖြစ်စေသော မဟာဗျူဟာခြိမ်းခြောက်မှု ဖြစ်သည်” ဟု နိုင်ငံတော် တန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန၏ ညွှန်ကြားရေးမှူးဟောင်း ဘီလ်အီဗန်နီနာက အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီသို့ မကြာသေးမီက ပြောကြားခဲ့သည်။

အမေရိကန်ကို ကျော်ဖြတ်နိုင်ရန် တရုတ်အနေဖြင့် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများထက် စီးပွားရေးနှင့် နည်းပညာအရ ပိုမိုသာလွန်အောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း အက်တလမ်ဇိုဂလူးက ဖော်ပြထားသည်။ သို့သော် တရုတ်အနေဖြင့် တီထွင်ကြံဆမှုများကို လုပ်ဆောင်ရမည့်အစာ နည်းပညာခိုးယူခြင်းနှင့် ပုံတူကူးချခြင်းတို့ကို လုပ်ဆောင်လျှက်ရှိသည်။

လျှပ်စစ် သံလိုက်စွမ်းအင်သုံး ကွန်ပျူတာပညာရပ်၊ မောင်းသူမဲ့ယာဉ်များ၊ ဉာဏ်ရည်တု နည်းပညာ၊ ဇီဝနည်းပညာနှင့် 5G ကဲ့သို့ နည်းပညာများကဲ့သို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းပညာများကို ပစ်မှတ်ထားကာ ခိုးယူနေသည်။ အဆိုပါ နည်းပညာအားလုံးကို စစ်ဘက်ကဏ္ဍအတွက် အသုံးပြုသော်လည်း တရုတ်အစိုးရအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာစေရေးအတွက် အရောင်းအဝယ်နှင့် စီးပွားရေးအတွက်ပါ အသုံးပြုရန် လိုအပ်နေကြောင်းလည်း အက်တလမ်ဇိုဂလူးက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly