အာဖဂန်တွင် တာလီဘန်များက တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး၏ မိသားစုဝင်များကို ပြန်ပေးဆွဲ

အာဖဂန်တွင် တာလီဘန်များက တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး၏ မိသားစုဝင်များကို ပြန်ပေးဆွဲ
ဖာဟီမာ ရာမာတီ

အာဖဂန်နစ္စတန်တွင် တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၁ ရက်က အရပ်ဘက်အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို ဆွဲဆောင့်ပြီး မိသားစုဝင် ၅ ဦး ကို ပြန်ပေးဆွဲသွားခဲ့သည်။

တာလီဘန်များအုပ်ချုပ်သော အာဖဂန်နစ္စတန်တွင် အလေ့အထတစ်ခုလိုဖြစ်လာနေသည်။

အာဖဂန်နစ္စတန်ကန့်သတ်နယ်မြေဖြစ်သော ရဲတပ်ဖွဲ့၏ ၁၅ နယ်မြေတွင် တာလီဘန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဖာဟီမာ ရာမာတီ၏ နေအိမ်သို့ အတင်းဝင်ရောက်ခဲ့ပြီး သူမအား ရိုက်နှက်ခဲ့သည်ဟု Pajhwok Afghan News က ဖော်ပြခဲ့သည်။

အစ်ကို ၂ ဦး၊ ခယ်အို ၁ ဦးနှင့် အိမ်နီးချင်း ၁ဦး အပါအဝင်၅ ဦးကို တာလီဘန်များက ပြန်ပေးဆွဲ သွားသည်ဟု Hope ဖောင်ဒေးရှင်း၏ အကြီးအကဲ ရာမာတီက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကန်ဒဟာ၏ ထောက်လှမ်းရေးအကြီးအကဲ နာရိမ်ဝဲလ်က တာလီဘန်များသည် ရာမာတီ နေအိမ်၌ အမျိုးသားလုံခြုံရေးညွှန်ကြားရေးမှူးဟောင်း ရှိနေသည်ဟူသော သတင်းများရရှိကြောင်း စွပ်စွဲခဲ့သည်။

သို့သော် တက်ကြွလှုပ်ရှားသူက ယင်းကိစ္စကို လုံးဝငြင်းဆန်ထားသည်။

တာလီဘန်များက အာဖဂန်နစ္စတန်တွင် တင်းကျပ်စွာထိန်းချုပ်ထားစဉ် အမျိုးသမီးများအား ရက်စက် ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းနေသည်ဟူသော သတင်းများ စတင်ပေါ်ထွက်လာခဲ့သည်။

တာလီဘန်တို့၏ ပြင်းထန်စွာ ခြိမ်းခြောက်မှုများရှိနေသော်လည်း နိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် အမျိုးသမီးများက ဆန္ဒပြပွဲများကို ပြုလုပ်နေပြီး ငြင်းဆန်ခံနေရသည့် ၎င်းတို့၏ အခွင့်အရေးများကို တောင်းဆိုနေသည်။

လွန်ခဲ့သောရက်ကလည်း ကဘူးလ်မြို့တွင် အမျိုးသမီးများဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့မှုကြောင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဟာဘီဘူလာချ်ဖာဇက်ကို တာလီဘန်များက ရက်စက်စွာ ရိုက်နှက်ခဲ့သည်။

တာလီဘန်များက အာဖဂန်ကိုသိမ်းပိုက်ပြီးနောက် အာဖဂန်တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly