အိန္ဒိယကျေးလတ်တွင် အိမ်သာများဆောက်ရန် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁.၅ ဘီလျံ ထုတ်ချေးမည်

အိန္ဒိယကျေးလတ်တွင် အိမ်သာများဆောက်ရန် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁.၅ ဘီလျံ ထုတ်ချေးမည်

နယူးဒေလီ၊ ဒီဇင်ဘာ - ၁၇ ။             ။ အိမ်သာအသုံးမပြုနိုင်သည့် လူသန်းပေါင်းများစွာနေထိုင်ရာ အိန္ဒိယနိုင်ငံတွင် အစိုးရကဦးဆောင်သည့် မိလ္လာစနစ်အတွက် ကန်ဒေါ်လာ ၁.၅ဘီလျံ ချေးရန် ကမ္ဘာ့ဘဏ်က သဘောတူခဲ့ကြောင်း ဘဏ်က ဒီဇင်ဘာ ၁၆ရက်နေ့တွင် ပြောကြားခဲ့သည်။

၅နှစ်တာကာလအတွင်း ပေးအပ်သွားမည့် ချေးငွေကို ကျေးရွာများတွင် အိမ်သာများ ဆောက်လုပ်ပေးမည့် အစိုးရ၏ လုပ်ငန်းများကို ထောက်ပံ့ရာတွင် အသုံးပြုမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်လောက်တွင် လဟာပြင်ထဲ အညစ်အကြေးစွန့်သည့် အလေ့အထကို ပပျောက်သွားစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဆယ်စုနှစ်အတော်ကြာ လူထုများကို အကျင့်စရိုက်များကို ပြောင်းလဲရန် တိုက်တွန်းလာနေခဲ့သော်လည်း အိန္ဒိယ၏ ကျေးလတ်လူဦးရေ သန်း၅၀၀ကျော်မှာ လဟာပြင်ထဲတွင် မစင်စွန့်နေကြဆဲပင် ဖြစ်သည်။

‘လူ၁၀ယောက်သေတိုင်းမှာ တစ်ယောက်က ဆိုးရွားညံ့ဖျင်းတဲ့ မိလ္လာစနစ်နဲ့ ဆက်နွယ်နေတယ်’ဟု ကမ္ဘာ့ဘဏ်၏ အိန္ဒိယဒါရိုက်တာ အွန်နို ရူအယ်က ပြောကြားခဲ့သည်။

ဝင်ငွေနိမ့်တဲ့ အိမ်ထောင်စုတွေဟာ ညံ့ဖျင်းတဲ့ မိလ္လာစနစ်ရဲ့ ဆိုးကျိုးကို ခံစားနေကြရပြီး၊ အခု မိလ္လာစနစ်စီမံကိန်းဟာ အထူးသဖြင့် ကျေးလတ်တွေမှာ နေထိုင်နေကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ကျန်းမာရေးကို ကြီးမားစွာ အကျိုးပြုပါလိမ့်မယ်’ဟု ရူအယ်က ပြောကြားခဲ့သည်။

လဟာပြင်ထဲတွင် အညစ်အကြေးစွန့်ခြင်းများကြောင့် ဝမ်းလျှောဝမ်းပျက်၊ သန်ကောင်နှင့် အခြားကျန်းမာရေးပြဿနာများ တိုးပွားလာရသည့်အပြင် ကလေးများကိုလည်း ဖွံ့ဖြိုးမှုနှေးကွေး၍ ကြုံလှီစေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly