တီးတိန် ၊ စက်တင်ဘာ-၁၅
တီးတိန်မြို့နယ်တွင်း စစ်ကောင်စီတပ်ပိုင် လုပ်ငန်းတစ်ခုဖြစ်သော Mytel ဆက်သွယ်ရေး၏တာဝါတိုင်တစ်ခုကို PDF-Zoland နဲ့ Civic Defense Militia တပ်ဖွဲ့ပူးပေါင်းပြီးဖျက်စီးလိုက်ရာ ငါးခုမြောက် ဖျက်ခံရသောတိုင်ဖြစ်လာသည်။
ချင်းပြည်နယ် တီးတိန် မြို့နယ် ထုတ်လိုင်ရွာရှိ Mytel တာဝါတိုင်ကို နေ့လည် ၂နာရီ ၄၀ ဝန်းကျင်က မိုင်းခွဲဖျက်စီးလိုက်ကြခြင်းဖြစ်သည်။
စက်တင်ဘာလ ၉ရက်နေ့ တွင် ကနေဒီတောင် ခြေရင်းရှိ တာဝါတိုင်၊ ခိုင်ကမ်းမြို့ရှိ တာဝါတိုင်တိုင်နှင့် စက်တင်ဘာ ၁၀နှင့်၁၁ရက်နေ့များတွင် တီးတိန်မြို့အဝင်ရှိ တာဝါတိုင်နှင့် ယမန်နေ့ည (စက်တင်ဘာ ၁၄)ရက်ညပိုင်းကလည်း ပြည်သူ့ဆေးရုံအပေါ်ဘက်က Mytel တာဝါတိုင်တစ်ခုမှ စက်များ ဖျက်စီးခံရခဲ့သည်