မရမ်းကုန်းမြို့ ၉မိုင် Ocean အနီး ပေါက်ကွဲမှုဖြစ်

မရမ်းကုန်းမြို့ ၉မိုင် Ocean အနီး ပေါက်ကွဲမှုဖြစ်

စက်တင်ဘာ ၁၅

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ၉ မိုင် Ocean အနီးတွင် ယနေ့ စက်တင်ဘာ ၁၅ရက် နံနက် ၈နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား‌ကြောင်း ဒေသခံများထံက သိရသည်။

ဘလူးတုစပီကာနှင့် ချိတ်ဆက်ထားသည့် ဗုံးဟုသိရပြီး မပေါက်ကွဲသေးသည့် နောက်ထပ် ဗုံးတစ်လုံးလည်း ကျန်ရှိသေးကြောင်း အဆိုပါ နေရာအနီး ရောက်ရှိနေသူက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်‌ခဲ့သည်။ ထိခိုက်မှုရှိ၊ မရှိကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly