PDF ၏ ပစ်ခတ်မှုကြောင့် မျက်လုံး ကျည်ဆန်ဖောက်ဝင်ဒဏ်ရာဖြင့် ဒုရဲအုပ်သေဆုံး

PDF ၏ ပစ်ခတ်မှုကြောင့် မျက်လုံး ကျည်ဆန်ဖောက်ဝင်ဒဏ်ရာဖြင့် ဒုရဲအုပ်သေဆုံး

စက်တင်ဘာ ၁၅

နေပြည်တော်၊ လယ်ဝေးမြို့နယ် ၊ ရှမ်းစုစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျနေသည့် ရဲများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး မျက်လုံး ကျည်ဆန်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း နေပြည်တော် PDFက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၄ရက် နေ့လည် ၂နာရီ မိနစ်၃၀ အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိတ်တွင် ရဲလုံခြုံ‌ေရး ခုနှစ်ယောက်ခန့်ရှိသော်လည်း သေနတ်တစ်ချက်သာ ပစ်ခတ်ခဲ့သည်ဟု နေပြည်တော် PDFက ယမန်နေ့ စက်တင်ဘာ ၁၄ရက်က ထုတ်ပြန်သည်။

" NUG က တိုက်ပွဲခေါ်သံ ကြေညာပြီးနောက်မှာ နေပြည်တော်တစ်ဝိုက်ကို စုံစမ်းထောက်လှမ်းတော့ ရှမ်းစုဂိတ်က တော်တော်ဆိုးရွားတယ်။ ပြည်သူတွေကို နှိပ်စက်တာတွေ လုပ်နေတော့ သွားပစ်တာပါ။ ပထမကတော့ သေနတ်မှန်ဒဏ်ရာ ရသွားတာပဲ သိတာ။ နောက်မှ စုံစမ်းကြည့်တော့ မျက်လုံးကို ဖောက်ဝင်ပြီး သေသွားတယ်လို့ သိရတာ" ဟု နေပြည်တော် PDF အဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

PDF တပ်ဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ ‌ဆုတ်ခွာနိုင်ခဲ့ပြီး အများပြည်သူကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော စစ်ကောင်စီ လက်ပါးစေအားလုံးကို နေပြည်တော် PDFမှ အမြစ်ဖြတ် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required