ဆိုင်ကယ်စီးလာသူ ၃ဦးကို စစ်ကောင်စီ ပစ်ခတ်ရာလူငယ်သေဆုံး

ဆိုင်ကယ်စီးလာသူ ၃ဦးကို စစ်ကောင်စီ ပစ်ခတ်ရာလူငယ်သေဆုံး

စက်တင်ဘာ ၁၃

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခန့်က ဆိုင်ကယ်စီးကာ နေအိမ်သို့ပြန်လာသည့် လူငယ် သုံးဦးအား စစ်ကောင်စီတပ်သားက ပစ်ခတ်သည့်အတွက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

မန္တလေး-လားရှိုး လမ်းမပေါ်တွင် လူငယ် သုံးဦး ဆိုင်ကယ်စီးလာသည်ကို စစ်ကောင်စီတပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၁၇ နှစ်အရွယ် မောင်ဘီးဘီးသည် ကျည်ဆန်ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့တပ်စွဲထားတဲ့ စခန်းရှေ့ကနေ ကလေးတွေက ဖြတ်မောင်းသွားတာကို နောက်ကနေ သေနတ်နဲ့ ပစ်လိုက်တာ၊ ဆိုင်ကယ်နောက်ဆုံးမှာထိုင်တဲ့ ကလေးက နောက်ကျောနဲ့ဆီးခုံကို ကျည်ထိသွားပြီး အဲဒီကျည်က အလယ်မှာထိုင်နေတဲ့ ကလေးရဲ့ နောက်ကျောထိ ဖောက်ဝင်သွားတယ်။ နှစ်ယောက်လုံးကို ညတွင်းချင်းဆေးရုံပို့ခဲ့ပေမယ့် နောက်ဆုံးမှာ ထိုင်တဲ့ကလေးကတော့ ဆေးရုံမရောက်ခင် လမ်းမှာပဲ ဆုံးသွားတယ်”ဟု ဒေသခံတစ်ဦး က မဇ္ဈိမကိုပြောသည်။

သေဆုံးသွားသူကို ယနေ့ နေ့လည် ၁၁ နာရီတွင် အုန်းချောစံပြကျေးရွာ၌ အသုဘချခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ အုန်းချောအုပ်ချုပ်ရေးမှူးထံ မောင်ဘီးဘီးအတွက် သေမှုသေခင်းစာရွက် ထုတ်ပေးရန်တောင်းခံရာတွင် အရက်မူးလွန်သေဆုံးကြောင်း ရေးသားပေးလိုက်သည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required